အပိုင်း (18)

Mulai dari awal
                                    

" ဒါဆို အဲ့တာ ကော...''

" ဒီမှာပါ အရှင် ဖေး ၄ ပါး နဲ့ ကူ ၆ ယောက် လုံးရဲ့ ငယ်စဥ် ကတည်း ကနေ အခုထိ ပါဝင်ပါတယ် ဒါပေမယ့် အချိန် အကန့်အသတ် ရှိတာမို့ ပါးရှား က ကြင်ယာတော် ကိုအကြောင်း ကိုတော့ တက်နိုင်သမျှ ပြည့်စုံအောင် ရေးသားပေး ထားပါတယ်...''

  ပေးလိုက်သော စာအုပ် ၁၀ အုပ် ကို ပြည့်ပြီး သူယူ လိုက်ကာ နံပါတ် ၁ ကနေ ၁၅ အထိ ထခိုင်း လိုက်တယ်။

ကျန်တဲ့ ၁၆ ကနေ ၃၀ကို သူ စိုက်ကြည့် လိုက်တယ်။

နံပါတ် ၁၆ က တုန်တုန်ရီရီ နဲ့ ပြောလေတယ်။

" အရှင်.... ကျွန်တော်မျိုး ၁၆ က မနေ့က အရှင် ခိုင်းတဲ့ အတိုင်း ရှီးနန် နယ်ကို သွားပြီး ဝမ်ရယ် အကြောင်း ကို စုံစမ်း ခဲ့ပါတယ်။ သူတို့ ရဲ့ လှုပ်ရှား မှုတွေ အကြောင်း ကို လဲ တင်ပြဖို့ အစီရင်ခံစာ လုပ်ထား ပြီးပါပြီ...ပြီးတော့ မနေ့က ၂၉ နဲ့ ၃၀ ကိုလည်း ကျွန်တော်မျိုး အရှင့်ကို ခွင့်တောင်းပြီး ခေါ်သွား ခဲ့တာပါ...''

" အရှင်....ကျွန်တော် နံပါတ် ၂၅ ၊ ၂၆ ၊ ၂၇ ၊ ၂၈ လေးဦးက အမတ်ချုပ်ကြီး ရဲ့ လျို့ဝှက် နေရာ ကို ရှာတွေ့ ခဲ့ပြီး အရှင်အသုံးဝင်နိုင်မယ့် စာအုပ်တွေနဲ့ လက်နက်တွေ ကို အရှင့် မြေအောက်ခန်း ထဲ ပြောင်းရွေ့ ပြီးသွားပါပြီ အရှင်....အရေအတွက်က သေတ္တာကြီးပေါင်း ၂၉၀ လုံး ပါအရှင်....''

အသီးသီး လျှောက်တင် လာကြတဲ့ အကြောင်းအရာတွေ ကို နားထောင် ရင်း ခေါင်းလေး တငြိမ့်ငြိမ့် လုပ်နေတဲ့ ဧကရာဇ် ကို ကြည့်ရင်း ကျန်တဲ့ ၄ ယောက်အစား သူတို့တွေ ကျောချမ်း သွားလေတယ်။

" ဒါဆို မနေ့က ကျန်း ကို စောင့််ရှောက်ဖို့ ကျန်ခဲ့တဲ့ သူတွေ က ၁၇၊၁၈ ၊၁၉ ၊၂၀ ပေါ့....ဟုတ်ရဲ့ လား...''

" မှန်ပါတယ်.... အရှင်...''

" ဒါဆို ကျန်း အတွက် စွတ်ပြုတ် ကို စမ်းသပ်တာ ဘယ်သူလဲ...''

" ........... ''

" ဘယ်သူလဲ လို့ ကျန်း မေးနေတယ်လေ....မင်းတို့တွေ က စကား မပြေယ ချင်တော့ ဘူးလား.....''

" နံပါတ် ၂၀ ပါ အရှင်....''

" ၁၇ က မမေးပဲ ဘာလို့ ဝင်ပြီး ပြောနေသလဲ..... ဒါမှ မဟုတ် ၂၀ က အစစ် မဟုတ်တော့တာ များလား....''

COMPLETE  ဧကရီကို ကိုယ်တော် မုန်းတယ် (Own Creation)Tempat cerita menjadi hidup. Temukan sekarang