Part45(uni+zawgyi)

Start from the beginning
                                    

"ကိုခန့်ထယ်ဝါ ရှင်တာဝန်မဲ့တဲ့စကားမပြောနဲ့နော် မမနှင်းမှာ ရှင်နဲ့ရတဲ့ကလေးရှိနေတာတောင် ရှင့်မို့လို့"

"တော်စမ်းနက် မင်းတစ်ဖက်သက်အမြင်တွေနဲ့ စွပ်ဆွဲမနေနဲ့ ငါနဲ့ နှင်းဖြူစင် ဘာမှလည်းမဖြစ်ဖူးလို့ နှင်းဖြူစင်မှာဘာကိုယ်ဝန်မှာရစရာမရှိဘူး အေးရှိလာရင်လည်း အဲ့တာ ငါ့ကလေးမဟုတ်ဘူး"

"ရှင်တော်တော် တာဝန်မဲ့တာပဲ"

နက်ပြောစကားတွေကိုသီးမခံနိုင်တော့တဲ့ အဆုံး

"အေးငါသာတာဝန်မဲ့ရင် မင်းကိုခုလိုတွယ်ကပ်နေစရာ အကြောင်းကိုမရှိဘူး"

"ရှင့်ကိုရော ဘယ်သူက တွယ်ကပ်ခိုင်းနေလို့လဲ ကွာပေး ခုကွာပေး "

"မင်းကိုငါပြောပြီးသားနော် နောက်ခြောက်လမပြည့်မချင်း လုံးဝကွာမပေးနိုင်ဘူး"

"မုန်းတယ်မုန်းတယ် ရှင်ကြီးကိုမုန်းတယ်"

နက်ပြောချင်ရာပြောပြီး အပေါ်ထပ်ပြေးတက်သွားကာ သူ့အခန်းတခါးကိုစောင့်ပိတ်သွားတယ်

သေချာပြီ ဒီကောင်မလေး တစ်နေ့ခင်းလုံး ငိုတော့မယ် သုံးနာရီထိုးနေပြီနေ့လယ်စာမစားသေးလို့ ခန့်အကြောင်းမရှိအကြောင်းရှာ ထမင်းကျွေးဖို့ ရည်ရွယ်ကာပြန်လာခဲ့ပေမယ့်

ခုတော့ ခန့်ကိုစိတ်ဆိုးပြီး ဒီကောင်မလေး ထမင်းလည်းစားဖြစ်တော့မှာ မဟုတ်တော့

ကြီးမြက စစ်ကိုင်းမသွားခင် သေချာမှာသွားတယ် နက်ကို ထမင်းပုံမှန်စားခိုင်းပါတဲ့ နက်က အစာအိမ်လဲ မကောင်းတဲ့ အပြင်ကိုမှ ဗိုက်ဆာလွန်ရင် အရင်စိတ်ရောဂါက ပြန်ထလာတက်တာကြောင့် ဂရုစိုက်ဖို့သေချာမှာသွားခဲ့တယ်

ခန့်လည်းတွေးမနေတော့ဘဲ နက်အခန်းတခါးကို ထုလိုက်တယ်

"နက် ဟေ့ နက် ထမင်းထစားကွာ"

အထဲက ဘာသံမှမကြားရ

"နက် ကိုကို့ကို စိတ်စိုးလဲ ထမင်းတော့ ထစားကွာနော် နောက်မှ စိတ်ပြန်စိုးလေနော် !ဒုန်း ဒုန်း!နက် ကိိုကိုပြောနေတယ်နော် ကိုကိုသော့ဖွင့်ပြီးဝင်လာရမှာလား အေး ငါဝင်လာရင်တော့ မဖြစ်သင့်တာတွေမဖြစ်ဖို့ အာမမခံဘူးနော်"

တစ်ချက်လေး စောင်းငဲ့ကြည့်ဦးWhere stories live. Discover now