Part (12) Uni/Zawgyi

Start from the beginning
                                    

"တော်တော် ငါလိုက်ပို့မယ် ကျစ် "

ငါအိပ်ပျော်တော့မယ်ထင်ထားတာ ခုတော့ရစ်ပြီ။

စိုပြေသည် တေဇ အပေါ် ဆိုးနေကျပင်ဖြစ်ပြီး
အမြဲတေဇကလိုက်လျောပေးရတာချည်းပဲ
ဘယ်တော့မှတေဇဆိုအလျော့မပေးပေမဲ့
လင်းယောင်နဲ့ပတ်ရင်တော့ သူမကအရှုံးသမား သာသာ။ကားပြန်ခေါက်ပေးရသည့် တေဇ သူမ ကိုသနားမိပါလျှက် သူကိုယ်တိုင်လည်းသိနေသည်။

နင် လင်းယောင် အပေါ်ခံစားချက်ရှိတာ ငါသိပါတယ် ဒါပေမဲ့ ငါ နင့်ကို ပစ်မထားရက်ဘူးဖြစ်နေတယ်

သူမ အသံတိတ်နေသလို ရင်ထဲမှာငိုနေသလား မမဟန်ခေ ကိုနည်းနည်းတော့မနာလိုသလိုပင်
ဟုတ်တယ် သူက လင်းယောင်နဲ့သိတာလည်းမကြာသေးပါဘူး ။

ဒါပေမဲ့ လင်းယောင် အကြည့်တွေကို သူကပဲသိမ်းပိုက်ထားတယ် ။

Clubထဲပေး၀င်ရမှာ တေဇ ခပ်လန့်လန့် သူမက ကားထဲက ဆင်း၍ ၀င်သွားသည့်အခါ
တေဇနောက်မှ ထပ်ချပ်မခွာလိုက်ပေးသည် ။

ထူးဆန်းတာက အရင်လို မြူးထူးစွာမကဘဲ
သူမက musicသံကြားရင်မနေနိုင်ပါ။
အမြဲခန္ဓာကိုယ်လှုပ်လေ့ရှိပေမဲဲ့ ဒီနေ့  ငြိမ်လှသည်။ အယ်လ်ကိုဟော မှန်သမျှ သောက်နေသည်က များနေပြီ။

"တော်တော့ စိုပြေ ပြန်ရအောင်"

"ဖယ်စမ်းပါ "

အသံကစ မကွဲမပြားတော့ဘဲ

"နင် များနေပြီ ခံနိုင်ရည်မရှိပဲ "

"နင်နဲ့ဘာဆိုင်လို့လဲ  လင်းယောင်တောင်ငါ့ကိုပစ်ထားနိုင်သေးတာ နင်လည်းထားခဲ့စမ်းပါ"

"မတူဘူး ကျစ် ငါ ပစ်မထားနိုင်ဘူး နင့်ကို ဂရုမစိုက်ပဲမနေနိုင်ဘူး"

"ဘာလို့လဲ "

တေဇ တိတ်ဆိတ်သွားသည် ။

"ပြောလေ ဘာလို့လဲ"

"တော်တော့ဟာ နင်ဒီတိုင်းမဖြစ်တော့ဘူး"

တေဇ စားပွဲပေါ်တွင် မေးထောက်ကာ မူးနေပြီဖြစ်၍  မျက်ရည်များတဲ့သူမ ဘေးသို့ ဖက်ထားပေးရသည် ။

ဒီလို ဖက်ထားမှ မဟုတ်ရင် Clubဆိုတာ လူပေါင်းစုံလေ ကောင်မလေးတစ်ယောက်ထဲဆိုရင် အနားကပ်ချင်ကြတာတွေချည်းပဲ။

မင်းကြိုက်သလိုချစ် (Completed) OCWhere stories live. Discover now