Part (10) Uni/Zawgyi

Start from the beginning
                                    

"မဆင်းဘူးလား "

"ဟာ  ဘာလို့ ဒီဆိုင် ရပ်တာလဲ  "

"ဘာလို့လဲ ဒီကကောင်းတဲ့ဟာကို "

"ဆေးရုံနဲ့နီးလွန်းတယ်  ပြီးတော့ လူတွေနဲ့ "

"ဘာဖြစ်လဲ မ ရာ လာပါ ဆင်းစမ်းပါ "

ကားတံခါးကိုအတင်းဆွဲဖွင့်သဖြင့်
သူမ ဆင်းလာရပြန်သည် ။ဆိုင်ထဲ၀င်သည့်အခါလည်း သူမ လင်းယောင်နဲ့ ယှဉ်၍မ၀င် လင်းယောင် ၀င်ပြီးမှ လိုက်၀င်လာခဲ့သည်။ 

ထိုင်ပြန်တော့လည်း လူတွေသိပ်မရှိတဲ့ ထောင့်သို့သွားပြန်တယ်။

လင်းယောင်က coffee နဲ့မုန့်တွေသွားယူလာပြီးမှ

"မ  ဘာဖြစ်နေတာလဲ လာကတည်းက ကုတ်ကုတ် နဲ့"

"မင်းနဲ့ငါ ဒီလို ၂ယောက်အတူထိုင်နေတာကို ဆေးရုံက တစ်ယောက်ယောက်မြင်သွားရင် ဘယ်လိုလုပ်မလဲ"

"ဘာဖြစ်လဲ မြင်ပါစေပေါ့ "

"မင်းနဲ့ငါ့ကိုဘယ်လိုထင်သွားမလဲ "

"ဘယ်လိုထင်ထင်လေ သူတို့ထင်တာ ဟုတ်တယ်လို့ဖြေလိုက် "

"ဘာ?"

"အွန်  မမခေ "

ဟန်ခေ ရင်ထဲမှာ ဒုန်း ကနဲပဲ
အတက်နိုင်ဆုံးပြုံးရင်း မော့ကြည့်တော့
သူမရဲ့လက်ထောက် ကောင်မလေး ယွန်း

"ယွန်း breakfast လာစားတာလား"

"ဟုတ် ဒီမှာ ယွန်း  မမ အတွက်တောင် ပါဆယ်၀ယ်နေတာ"

"ဟုတ်လား အားနာလိုက်တာ ယွန်းရယ် "

ယွန်းက ခေ နဲ့မျက်နှာချင်းဆိုင်ကို လှည့်ကြည့်လိုက်ကာ အံ့သြသွားသည့်မျက်နှာထား

"ယွန်းရဲ့စေတနာကို ခေ မဖျောက်ဖျက်ပါဘူးနော် နေ့လည် ကျ ရင် ယွန်း၀ယ်ထားတဲ့မုန့်တွေစားလိုက်မယ် "

"မရဘူး   နေ့လည် စာကို ကျွန်တော်နဲ့အတူ စားရမယ် "

ယွန်း တစ်ယောက် ပိုပြီးစိတ်၀င်စားလာ၏။

မမခေနဲ့ ဥက္ကဌကြီးမြေးက ဘယ်လိုဆက်ဆံရေးလဲ။

ဟန်ခေ လင်းယောင် ကို အံကြိတ်ပြရာ၌

"ဘာဖြစ်လဲ  မ  ရာ ပြီးတော့လည်း လိုက်ခဲ့ရတာပဲ "

ဝိုး  မတဲ့လား။

မင်းကြိုက်သလိုချစ် (Completed) OCWhere stories live. Discover now