"ဂျောင်ဂုနဲ့တိုင်ပင်ပြီးလာခဲ့ပါ့မယ်အန်ကယ်"

"ဒါဆိုအန်ကယ်သွားပြီ"

"ကောင်းကောင်းသွားပါအန်ကယ်"
_______________

"ဂျောင်ဂုရှီး...တို့ကားပျက်သွားလို့လိုက်ပို့ပေးလို့ရမလား"

"စိတ်မရှိပါနဲ့ ကျွန်တော့်ကားပေါ်လူစိမ်းတင်မစီးတတ်လို့"

"တို့ကသူစိမ်းမှမဟုတ်တာ လုပ်ဖော်ကိုင်ဖက်ဘဲဟာကို"

"ကျွန်တော်နဲ့ဘာပတ်သတ်မှုမှမရှိရင် သူစိမ်းဘဲမို့လို့ အခုလိုပြောနေမယ့်အချိန် တခြားတစ်ယောက်ကိုအကူအညီသွားတောင်းတာ ပိုကောင်းမယ်ထင်တယ် ရှင်းဂျီအွန်းရှီး"

"ဂျောင်ဂုရှီးက တို့ကိုမုန်းနေတယ်ထင်တယ်"

"ဒါကျွန်တော့်ပုံစံပါဘဲ ရှင်းဂျီအွန်းရှီးကသာ ကျွန်တော့်ကိုလိုက်ကပ်နေတာမဟုတ်ဘူးလား"

"ဘာ!! ရှင်မိုက်ရိုင်းလှချည်လား မိန်းကလေးတစ်ယောက်ကိုအဲ့လိုပြောရလား"

"ကျွန်တော့်ကိုမပြောခင် ရှင်းဂျီအွန်းရှီးဘက်ကရောမှန်နေလားပြန်စဥ်းစားကြည့်ပါဦး ။"

"သြော် ဒါနဲ့တက်စီစီးဖို့လမ်းစရိတ်မရှိလို့လားအတင်းကပ်စီးချင်နေတာ"

"ကျွန်တော့်ကားနဲ့မလိုက်ရလို့မပြန်ဘူးဆိုလည်းသဘောဘဲ ဒါဆိုခွင့်ပြုပါဦး"

ပြုံးပြုံးလေးနဲ့အထိနာစေမယ့်စကားတွေချည်းပြောသွားတဲ့ ထိုယောက်ျား...။ ကားပေါ်ကျော့ကျော့လေးတက်ပြီး မောင်းသွားတာများမိုင်ကုန် ။ ဟက်....မစမ်းသင့်တဲ့သူကိုလာစမ်းမိပြီ ဂျွန်ဂျောင်ဂု ။
________________

နေ့ရက်တွေကတရွေ့ရွေ့ကုန်ဆုံးနေသလို သူ့ရင်ထဲမှာလည်းမမြင်ရတဲ့ သံယောဇဥ်ကြိုးလေးတွေကတစတစတွယ်ငြိလာခဲ့ပြီ ။ အလုပ်သင်ကာလအတွင်း ရှင်းဂျီအွန်းကသူ့ကိုကပ်မြဲကပ်ဆဲ သူကလည်းအထိနာအောင်ပြောမြဲပြောဆဲဘဲ ။ ပတ်ဂျီမင်နဲ့ကတော့အရင်ကထက်စာရင်အဆင်ပြေလာလို့ သူ့ခံစားချက်တွေကိုပြန်ဆန်းစစ်ဖို့လိုနေပြီလား တွေးမိတဲ့အထိဘဲ ။ ဒီနေ့ကအလုပ်သင်ကာလ ၂ လပြည့်မလို့ ဂုဏ်ပြုတဲ့စားပွဲ ။ စားပွဲသောက်ပွဲဆိုတဲ့အတိုင်း အကုန်လုံးကရေချိန်ကိုက်နေကြတဲ့ပုံ သူကလွဲလို့ပေါ့ ။

LOVER = LO$ER //Complete//Opowieści tętniące życiem. Odkryj je teraz