Unicode Version..⬇️
You Are Mine (Intro)
ခုနှစ်သက္ကရာဇ်တွေ ကုန်ဆုံးလာသည်နှင့်အမျှ ခေတ်စနစ်နည်းပညာတွေသည်လည်း တဟုန်ထိုးတိုးတက်ပြောင်းလဲလာခဲ့သည်။ ထိုကဲ့သို့ပြောင်းလဲ လာခဲ့မှုကြောင့် ရှေးတုန်းကတည်ရှိခဲ့တဲ့ တိုင်းပြည် အားလုံးက ကွဲထွက်ပြီး တစ်ဖန်ထပ်မံ၍ အသစ်သစ်သော တိုင်းပြည်များပေါ်ပေါက်လာခဲ့သည်။ တိုင်းပြည်အသီးသီးက ယင်းတို့တိုင်းပြည်ထဲရှိ အင်အားအကြီးဆုံးဖြစ်သည့် စံအိမ်တော်မျိုးရိုး၏ ထိန်းချုပ်မှုအောက်၌သာ တည်ရှိကြသည်။
အသင်္ချေတိုင်းပြည်သည် တခြားသောတိုင်းပြည်များထက် အစစအရာရာ အင်အားအကြီးမားဆုံးဖြစ်သည်။ အသင်္ချေတိုင်းပြည်အား အုပ်ချုပ်သည့် မျိုးရိုးစံအိမ်တော်မှာ အသင်္ချေမြို့တော်၌တည်ရှိသော ဧက္ကရာဇ်စံအိမ်တော်ဖြစ်သည်။
ယူဇနာတိုင်းပြည်သည် အသင်္ချေတိုင်းပြည်ပြီးနောက် စီးပွားရေးအင်အားအတောင့်တင်းဆုံးတိုင်းပြည်ဖြစ်သည်။ ယူဇနာတိုင်းပြည်အား အုပ်ချုပ်သည့် မျိုးရိုးစံအိမ်တော်မှာ ယူဇနာမြို့တော်၌ တည်ရှိသော မဟူရာစံအိမ်တော်ဖြစ်သည်။
သူရိယတိုင်းပြည်သည် အသင်္ချေတိုင်းပြည်နှင့်တန်းတူ ပညာရေးအဆင့်မြင့်ဆုံးသော တိုင်းပြည်တစ်ခုဖြစ်သည်။ သူရိယတိုင်းပြည်ကို အုပ်ချုပ်သည့် မျိုးရိုးစံအိမ်တော်မှာ သူရိယမြို့တော်၌ တည်ရှိသော အလင်္ကာစံအိမ်တော်ဖြစ်သည်။
ထိုတိုင်းပြည်သုံးခုက ကမ္ဘာပေါ်တွင် အထင်ရှားဆုံးတိုင်းပြည်များဖြစ်လာကြသည်။ အသင်္ချေတိုင်းပြည်နှင့် သူရိယတိုင်းပြည်က ဧရိယာအကျယ်အဝန်းကျယ်ပြောလှတဲ့ တိုင်းပြည်ကြီးတွေ ဖြစ်ကြသည်။ သို့သော် ယူဇနာတိုင်းပြည်သည် ဧရိယာအကျယ်အဝန်းအားဖြင့်သေးငယ်ပြီး မြို့ငါးမြို့ဖြင့်သာ ဖွဲ့စည်းထားသော တိုင်းပြည်တစ်ခုဖြစ်သည်။
ထိုတိုင်းပြည်သုံးခု၏ ဆက်ခံသူသခင်လေးတွေရဲ့ အချစ်ဇာတ်လမ်းတွေကို တိုင်းရေးပြည်ရေး၊ စစ်ရေးများ၊ အရှုပ်အထွေးများနှင့်အတူဖတ်ရှုကြရမှာဖြစ်ပါတယ်။
××××××××YOU ARE MINE××××××××
To Be Continue..♡
[A/N : please, give me votes & feedbacks]
Hesperos (J) || 16102021
___________________________________Zawgyi Version..⬇️
You Are Mine (Intro)
ခုႏွစ္သကၠရာဇ္ေတြ ကုန္ဆုံးလာသည္ႏွင့္အမွ် ေခတ္စနစ္နည္းပညာေတြသည္လည္း တဟုန္ထိုးတိုးတက္ေျပာင္းလဲလာခဲ့သည္။ ထိုကဲ့သို႔ေျပာင္းလဲ လာခဲ့မႈေၾကာင့္ ေရွးတုန္းကတည္ရွိခဲ့တဲ့ တိုင္းျပည္ အားလုံးက ကြဲထြက္ၿပီး တစ္ဖန္ထပ္မံ၍ အသစ္သစ္ေသာ တိုင္းျပည္မ်ားေပၚေပါက္လာခဲ့သည္။ တိုင္းျပည္အသီးသီးက ယင္းတို႔တိုင္းျပည္ထဲရွိ အင္အားအႀကီးဆုံးျဖစ္သည့္ စံအိမ္ေတာ္မ်ိဳး႐ိုး၏ ထိန္းခ်ဳပ္မႈေအာက္၌သာ တည္ရွိၾကသည္။
အသေခ်ၤတိုင္းျပည္သည္ တျခားေသာတိုင္းျပည္မ်ားထက္ အစစအရာရာ အင္အားအႀကီးမားဆုံးျဖစ္သည္။ အသေခ်ၤတိုင္းျပည္အား အုပ္ခ်ဳပ္သည့္ မ်ိဳး႐ိုးစံအိမ္ေတာ္မွာ အသေခ်ၤၿမိဳ႕ေတာ္၌တည္ရွိေသာ ဧကၠရာဇ္စံအိမ္ေတာ္ျဖစ္သည္။
ယူဇနာတိုင္းျပည္သည္ အသေခ်ၤတိုင္းျပည္ၿပီးေနာက္ စီးပြားေရးအင္အားအေတာင့္တင္းဆုံးတိုင္းျပည္ျဖစ္သည္။ ယူဇနာတိုင္းျပည္အား အုပ္ခ်ဳပ္သည့္ မ်ိဳး႐ိုးစံအိမ္ေတာ္မွာ ယူဇနာၿမိဳ႕ေတာ္၌ တည္ရွိေသာ မဟူရာစံအိမ္ေတာ္ျဖစ္သည္။
သူရိယတိုင္းျပည္သည္ အသေခ်ၤတိုင္းျပည္ႏွင့္တန္းတူ ပညာေရးအဆင့္ျမင့္ဆုံးေသာ တိုင္းျပည္တစ္ခုျဖစ္သည္။ သူရိယတိုင္းျပည္ကို အုပ္ခ်ဳပ္သည့္ မ်ိဳး႐ိုးစံအိမ္ေတာ္မွာ သူရိယၿမိဳ႕ေတာ္၌ တည္ရွိေသာ အလကၤာစံအိမ္ေတာ္ျဖစ္သည္။
ထိုတိုင္းျပည္သုံးခုက ကမာၻေပၚတြင္ အထင္ရွားဆုံးတိုင္းျပည္မ်ားျဖစ္လာၾကသည္။ အသေခ်ၤတိုင္းျပည္ႏွင့္ သူရိယတိုင္းျပည္က ဧရိယာအက်ယ္အဝန္းက်ယ္ေျပာလွတဲ့ တိုင္းျပည္ႀကီးေတြ ျဖစ္ၾကသည္။ သို႔ေသာ္ ယူဇနာတိုင္းျပည္သည္ ဧရိယာအက်ယ္အဝန္းအားျဖင့္ေသးငယ္ၿပီး ၿမိဳ႕ငါးၿမိဳ႕ျဖင့္သာ ဖြဲ႕စည္းထားေသာ တိုင္းျပည္တစ္ခုျဖစ္သည္။
ထိုတိုင္းျပည္သုံးခု၏ ဆက္ခံသူသခင္ေလးေတြရဲ႕ အခ်စ္ဇာတ္လမ္းေတြကို တိုင္းေရးျပည္ေရး၊ စစ္ေရးမ်ား၊ အရႈပ္အေထြးမ်ားႏွင့္အတူဖတ္ရႈၾကရမွာျဖစ္ပါတယ္။
××××××××YOU ARE MINE××××××××
To Be Continue..♡
[A/N : please, give me votes & feedbacks]
Hesperos (J) || 16102021
___________________________________
YOU ARE READING
✨You Are Mine✨ [ငယ်က မောင့်အပိုင်| ငယ္က ေမာင့္အပိုင္]
Romanceဤ (BL Fic) ဇာတ္လမ္းပါ အေၾကာင္းအရာမ်ားႏွင့္ ဇာတ္လမ္း၊ဇာတ္ကြက္မ်ားသည္ စာေရးသူ၏ စိတ္ကူးသက္သက္ပင္ ျဖစ္ပါသည္။ ✨Hesperos (Started on : 26/Oct/2021) (Ended on : 13/Jun/2022) ဤ (BL Fic) ဇာတ်လမ်းပါ အကြောင်းအရာများနှင့် ဇာတ်လမ်း၊ဇာတ်ကွက်များသည် စာရေးသူ၏ စ...