" ဟေ့ , ငါ့တို့တော့ပွဲဆက်တော့မယ်ထင်တယ်ဟေ့ ကိုကြီးရိုးနဲ့ကိုကြီးအရိပ်တို့ပြီးရင်ကိုကြီးအောင်သက်နဲ့တို့သူငယ်ချင်းမလေးနှင်းနု "

" ဟာ ၊ နင့်တို့နော် ငါ့စိတ်တိုလာပြီး မစကြနဲ့တော့လို့ !"

နှင်းနုသူ့ကိုစနေတဲ့ပန်းဝါတို့အဖွဲ့ကိုစိတ်ဆိုးသလိုအော်လိုက်ပေမဲ့ မျက်နှာထပ်မှာတော့ကျေနပ်စွာ ရှက်ပြုံးလေးများကဖူးပွင့်လျက်။

" ဟေ့ကောင် မမက ဆေးလိပ်သောက်ပြီးရင်းလဲ လှေကားလာထိန်းပေးထားဦး ငါ့အပေါ်တက်ချိတ်မလို့ !"

အောင်သက်ကသူ့လက်ထဲမှာဖဲပြာအဝါရောင်ကိုကိုင်ထား၍ ဆေးလိပ်ရပ်သောက်နေတဲ့ရိုးကိုကြည့်ကာအော်ပြောလာတော့။

" မင်းမေယဥကို မမကလား !"

" ငါ့အမေမှာယဥမပါဘူး မင်းအဖေမှာပဲပါတာ လာစမ်းပါ မမကရာ အမှန်တရားခေါ်တာကို "

" ယီး "

ရိုးစိတ်တိုတိုနဲ့အောင်သက်ကိုဆဲလိုက်တော့။

" ဪ , မှားလို့ မှားလို့ မင်းကမမကမဟုတ်ဘူး ယောကျ်ားကြောက်ရတာဆိုတော့ ယကက ဟား , ဟား၊"

ခုနကနှင်းနုကိုစလိုက်တဲ့ ရိုးကိုအောင်သက်ကသက်သက်မဲ့လိုက်ဖဲ့နေတာဖြစ်သလို မဏ္ဍပ်ထဲရှိလူပျိုတွေအပျိုတွေရဲ့ရယ်မောနေသံတွေကဆူညံနေသလို အချက်ပြုတ်ပိုင်းကဦးလေးတွေအန်တီတွေကလဲ မဏ္ဍပ်ထဲကလူငယ်တွေကိုကြည့်ကာ သူတို့ရဲ့ငယ်ဘဝကိုပြန်အောင့်မေ့သတိရသွားမိကြပြန်သည်။

ဒီလိုနဲ့သူ့အလုပ်ကိုယ့်အလုပ်တွေအားလုံးပြင်ဆင်ပြီးချိန်မှာတော့ ညနေသုံးနာရီတောင်ထိုးနေပြီဖြစ်၏ လူပျိုအပျိုတွေပြန်သွားကြပေမဲ့ အချက်ပြုတ်တွေကတော့ မနက်လေးနာရီထချက်ကြမှမို့အဆင်သင့်ဖြစ်ရန်ပြင်ဆင်နေကြတုန်းဖြစ်သည်။

ညဘက်ရောက်တော့ အားလုံးပြန်သွားကြချိန် ရိုးဖေဖေဦးရိုးဟန်က ရိုးနဲ့အရိပ်ကိုပြောစရာရှိတယ်ဆိုတာကြောင့် အိပ်ခန်းထဲမဝင်သေးပဲဘုရားခန်းရှေ့ကြမ်းပြင်ပေါ်မှာခင်းထားတဲ့သင်ဖြူးဖျာပေါ်မှာ ရိုးနဲ့အရိပ်ဝင်ထိုင်လိုက်ကြသည်။

( သူကြီးသမက် )  CompletedWhere stories live. Discover now