" အေးနေဦး နင့်အဖေပါခေါ်ခဲ့ရအောင် သူ့ကလူကြီးဆိုတော့ ဘုန်းဘုန်းကိုသူ့ကိုယ်တိုင်လျှောက်တာပိုကောင်းတယ် "

သူကြီးကတော်ဒေါ်ခင်ရိပ်သားလုပ်သူကိုပြောလိုက်၍ ယောကျ်ားလုပ်သူကိုရှာလိုက်တော့ တွေ့ပါပြီ ဟိုနားယောင်ယောင် ဒီနားယောင်ယောင်ရပ်လိုက် ရေနွေးကြမ်းလေးသွားထိုင်သောက်လိုက်လုပ်နေတဲ့ သူကြီးဦးနွေအောင်ကို။

" ကိုနွေအောင် ကျုပ်တို့နဲ့ရွာဦးကျောင်းကိုလိုက်ခဲ့ဦး မနက်အာရုံဆွမ်းကပ်ဖို့ သွားလျှောက်မလို့ "

မိန်းမလုပ်သူအပြောကြောင့် ဦးနွေအောင်လက်ထဲကရေနွေးကြမ်းခွက်ကိုမော့သောက်လိုက်၍ ကွပ်ပျစ်ပေါ်ထိုင်နေရာကထလိုက်ကာလိုက်လာခဲ့ရသည်။

တစ်ရွာလုံးကိုအုပ်ချုပ်နေတဲ့သူကြီးဆိုပေမဲ့ သူကြီးဦးနွေအောင်ကိုပြန်အုပ်ချုပ်သူကတော့ သူကြီးကတော်ဆိုတာတစ်ရွာလုံးကသိကြသည်။

အရိပ်တို့ထွက်သွားမှ ရိုးလက်ထဲမှာဖဲစတွေချည်ဖို့ကိုင်ထားရင်းလူပျိုအဖွဲ့တွေအတွက်တည်ထားတဲ့ ဆေးလိပ်ဗန်းနားကပ်လာကာဆေးလိပ်တစ်လိပ်ယူသောက်လိုက်သည်။

" ဟား , ဟား ငရိုးတို့များအခုကြတော့ဆေးလိပ်လေးတစ်လိပ်သောက်ရဖို့ကိုယောကျ်ားအလစ်မှခိုးသောက်နေရပြီ "

" ဟား , ဟား "

အောင်သက်ရဲ့လှောင်ပြောင်စကားကြောင့် လူပျိုအဖွဲ့တင်မကပန်းအလှဆင်နေကြတဲ့အပျိုအဖွဲ့ကပါတခစ်ခစ်နဲရယ်လာကြတော့ မဏ္ဍပ်ထဲမှာရိုးကိုလှောင်ပြောင်ရယ်နေကြတာကဆူညံစွာထွက်ပေါ်လာသည်။

" ကိုကြီးရိုး ဆေးလိပ်ခိုးသောက်တာ ကိုကိုနဲ့တိုင်ပြောမယ် ခစ်ခစ် "

နှင်းနုကပါပန်းအလှတွေထိုးရင်း ရိုးကိုစနောက်လာတော့ ရိုးပြုံးလိုက်၍။

" လုပ်လိုက်လေ ဒါဆိုငါ့လည်းနင့်အောင်သက်နဲ့ကြိုက်နေပါတယ်ဆိုတာကို အရိပ်ကိုပြောပြလိုက်မယ်လေ ဘယ်လိုလဲ သဘောတူလား "

" ဟာ , အဲကိုကြီးရိုးကဘာမှန်းလဲမသိဘူး "

နှင်းနုကရိုးစကားကြောင့်ရှက်သွားပြီးမျက်နှာပန်းရောင်စွာဘာစကားမှမဆိုတော့ပဲသူ့အလုပ်သူဆက်လုပ်နေ၏ သူ့ဘေးကသူငယ်ချင်းအပျိုမအဖွဲ့ကလဲနှင်းနုနဲ့အောင်သက်ကိုဝိုင်းစနေကြသည်။

( သူကြီးသမက် )  CompletedWhere stories live. Discover now