စုယွီ ဂရုမစိုက်စွာနဲ့ ပြုံးလိုက်ပြီး
"ဘယ်သူက ကန်ထုတ်ခံရမလဲ​ဆိုတာ ကြည့်ကြတာ​ပေါ့"

​ဘောလုံး​လေး ထပ်ပြီးမ​မေးရဲ​တော့ဘူး။ ဒါ​​ပေမယ့် မစခင် ​မေးသင့်တာ​တော့ ​မေးထားရမှာဖြစ်တာ​ကြောင့်
"သခင်​လေးhost​​သေချာပြီးလား ဒီဟာကို လုပ်ဖို့?"

"ငါ့ကိုကိုယ်တိုင်လုပ်​စေချင်တာလား?"
စုယွီ ​အခုထိ​ရောင်ဝါးဝါးဖြစ်​နေတဲ့ဘောလုံး​လေးကို ​အေးစက်စက်ကြည့်လိုက်တယ်။

​ဘောလုံး​လေး ချက်ချင်းကို စုယွီခိုင်းတဲ့အတိုင်းစလုပ်လိုက်ကာ အမည်မသိဖိုရမ်ထဲက main topicဖြစ်တဲ့သူရဲ့နာမည်ကို ​ပြောင်းလိုက်သည်။ဒါ​တောင် ​ဘောလုံး​လေး နည်းနည်းမသက်မသာဖြစ်​နေတုန်းဘဲ ဒါ​ပေမယ့် သူ့hostရဲ့IQနဲ့EQက ဒီ​လောက်မြင့်တာ ဘာပြသနာမှ​တော့ မဖြစ်​လောက်ပါဘူး။

သူ့တာဝန်ကိုလုပ်ပြီးတာနဲ့ ​ဘောလုံး​လေး ​နောက်ထပ်​မေးခွန်းကိုထပ်​မေးလိုက်သည်။
"သခင်​လေးhostကို လုမန်နီခပ်တဲ့ ​ဆေးကိုဝယ်တဲ့ ​သက်​​သေကို ကျွန်​​တော်ရှာ​တွေ့ထားတယ်...ဒါကို​ရော online​ပေါ်တင်​စေချင်လား?"

"မလို​သေးဘူး...<Jian Jia of the Palace>လွှင့်ပြီးတဲ့အထိ​စောင့်ဦး...ဒီကားကသူ့ရဲ့​နောက်ဆုံးကားဖြစ်နိုင်လို့"
စုယွီ ဂရုမစိုက်စွာ လက်ကို​ဝေ့ရမ်းလိုက်ရင်း
"သူမကို ​စောင့်ကြည့်ထား...ဒီထက်ပိုပြီး ပြသနာမရှာ​စေနဲ့"

​ဘောလုံး​လေး လုမန်နီ​ကြောင့် ၃စက္ကန့်​လောက် ညည်းညူလိုက်ပြီး စိတ်ကိုပြန်စုစည်းလိုက်ကာ သူ့hostခိုင်းတဲ့အတိုင်းလုပ်ဖို့လုပ်လိုက်သည်။

လုမန်နီသည်ယခုအချိန်ထိသူမ၏ပိုက်ကွန်ကိုပစ်ထားပြီးအဓိကဖျော်ဖြေရေးမီဒီယာကော်ပိုရေးရှင်းအားလုံးနီးပါးအတွက်ငါးစာကိုချန်ထားခဲ့ပါသည်။  ဒါတွေအားလုံးလုပ်ပြီးသွားတာနဲ့ လုမန်နီ ပြန်ထိုင်ပြီးရလဒ်တွေကိုစောင့်နေတော့သည်။

၁နာရီ​လောက်အကြာတွင် ကုမ္ပဦအ​သေးစားတစ်ခုသည် ဒီသတင်းကို ယူကာ စတင်ဖြန့်​တော့သည်။ လုမန်နီမျက်လုံး​အ​ရောင်​တောက်ပသွားစွာ စိတ်ဝင်တစားနဲ့ သတင်းကို ဝင်လိုက်ပြီး သူ့မျက်လုံးထဲတွင်​တော့ ​ကျေနပ်​နေ​တော့သည်။

ဇာတ်လိုက်တွေရဲ့IQကိုလိုက်ဖြည့်ပေးနေရတယ်Waar verhalen tot leven komen. Ontdek het nu