အပိုင်း ၁၇

Start from the beginning
                                    

" ကြားပါတယ် "

" မင်းလည်း အကျိုးအကြောင်းသေချာရှင်းပြလိုက်အုန်း "

" ဟုတ်ကဲ့ "

" ပြန်ရအောင် ဘေဘီ "

" ​ ဘောကို ဘေဘီ "

ဆဲမိပြီးခါမှ ရှေ့ကလူထံသို့ ပြန်ကြည်လိုက်မိ သည်။  သူ့စာရွက်များနှင့် သူအလုပ်ရှုပ်နေ၍
တော်ပါသေး၏။ မဟုတ်လျှင် ဆုံးမသြဝါဒခြွေ
မပြီး ဖြစ်တော့မည်။

" ဇန် ငြိမ်ငြိမ်နေစမ်းကွာ၊ မင်းက လိမ္မာပါတယ်ကွာ "

" မလုပ်ဘူးနော်၊ နောက်နေမှ ထပ်လုပ်လေ "

" မရဘူး။ ထည့်တောင် ထည့်ထားပြီးပြီးကို "

" ကိုကိုလူထင်...ဒီနေ့ ဒီလောက်နဲ့ပဲတော်ရအောင်ကွာ၊ ငါ ထပ်မခံနိုင်တော့ဘူးလေ "

အသံ​လေးအားချွဲ၍ အသည်းယားဖွယ်စကားဆိုနေသော ဇန်ကိုကြည်၍ လူထင်ပြုံးမိသည်။ သို့ သော် အလိုတော့ မလိုက်ချင်။

" မရဘူး။ ဒီနေ့ပဲအပြီးလုပ်မယ် "

" ကိုကိုလူထင် "

" ချွဲပြလည်း မရဘူး။ ဒီနေ့ပဲ "

" မင်းမခံရတိုင်း အနိုင်မကျင့်နဲ့ ဟေ့ကောင် ! "

" ကျင့်တယ်ကွာ ! ဘာဖြစ်လဲ "

စျေးဆစ်နေသူကို အတင်းဝင်လုံးချုပ်ပြီး မပြီးသေးသောကိစ္စကို ဆက်လိုက်လျှင်

" အား ! ! ! ! "

" အရမ်းစပ်နေလား ဇန် "

" မင်းခံကြည်ပါလား "

စိတ်တိုရသည်။ နောက်နေ့မှဆက်မည်ကို လက်မခံ။ သူ့မခံရတိုင်း ဇွတ်အတင်းဖြဲပြီး ထည့်နေလေ ၏။

ကွမ်းရွက်အရည် မျက်လုံးထဲ တစ်စက်ဝင်လျှင် ဘယ်လောက်ခံရခက်လဲဆိုတာ ထည့်ဖူးသူတိုင်းသိ၏။ မျက်လုံးနာတာကို မျက်စင်းရည်မထည့်ခိုင်းဘဲ ကွမ်းရွက်ရည်လာထည့်သော လူထင်ကြောင့် စပ်လိုက်လေခြင်း။ တစ်လုံးထည့်ပြီး စပ်လွန်း၍ နောက်နေ့မှ ထပ်ထည့်မည်ပြောတာကို လုံးဝလက်မခံ။ အခုတော့ မျက်ရည်ပူများစွာအပေါက်ကြီး အပေါက်ငယ်ကျရပြီး။

"  အဲလောက်ထိ မထင်လို့ပါကွာ၊ ကွမ်းရွက်ရည်တစ်စက်ထည့်တာကအဆင်ပြေပြီး ပိုပျောက်မြန်တယ် ဆိုကြလို့ပါ။ ငါကို စိတ်မဆိုးပါနဲ့ ဇန်ရာ... မင်းလုပ်ချင်တာ ပြောလိုက်၊ ငါအကုန် လုပ်ပေးမယ် "

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now