သူသောက် ခဲ့တဲ့ အရက်တွေ က သူ့ဆီးအိမ်မှာ ပြည့်နေပြီး တော့ အပြင် ထွက်လာဖို့ ကို အတင်းတွန်းကန် နေကြ ပြီပဲ ဖြစ်လေတယ်။

" ကောင်းပါပြီ ကွာ... ကိုယ်အပြင် ထွက်နေ ပါ့မယ်...''

  ရှုပေါ်စု တစ်ယောက် ရွေးချယ်စရာ မရှိတော့ပဲ အပြင်ဘက်မှာ စောင့်နေပြီးတော့ အထဲက လှုပ်ရှားသံတွေ ကို ပဲ  အာရုံ စိုက် နေ ရတော့တယ်။

အမူးသမား လေး ကျန်းရှုဟာ မအေ့ာအန် တက်လေဘူး။  ဘာလို့လဲ ဆို​တော့ သူသောက် လိုက်သမျှ ဝိုင်တိုင်း က အစာအိမ်ထဲ ဝင်ပြီး မကြာခင် သူ့ရဲ့ ဆီးအိတ် ထဲ ကို မြန်မြန်ပဲ ပြောင်းသွား တက်တာ ကြောင့်ပဲ ဖြစ်လေတယ်။ ပြီးတော့ ဒီ လို အခြေအနေ ကျရင် အဲ့တာ တွေ ကို အပြင်ထုတ် ဖို့ ပို လွယ်ကူ သွားတာပေါ့။

   နောက်ဆုံးမှာတော့ အိမ်သာဆီ ကို ပြေးသွား ပြီးတဲ့ ကျန်းရှု ဟာ စိတ်သက်သာ ရာ ရစွာနဲ့ပဲ သက်ပြင်းချ လိုက်ပြီး တစ်ချိန် ထဲမှာပဲ ပိုတည်ငြိမ် သွားလေတယ်။ အခု သူ့စိတ်ထဲ မှာ ကျန်နေတဲ့ တစ်ခု တည်းသော အတွေးက အိမ်ပြန် ဖို့ပါပဲ။

အပြင် ဘက်မှာ စောင့်နေတဲ့ ရှုပေါ်စုဟာ အမူးသမား လေး က သူ့ဘေး ကနေ ဖြတ်သွားပြီး လက်ဆေး ကန် နား ကို တိုက်ရိုက် သွား လိုက်တာ တွေ့ လိုက် ရတယ်။

   ကျန်းရှု က လက်ဆေး ဘေစင် ကနေ သူရဲ့ လက်တွေ နဲ့ မျက်နှာကို ဆေးကြောလိုက်တယ်။  သူမြန်မြန်လေး အသိကပ် ချင်လာပြီ။

  ဒီလို လုပ်တာ အမှန်ဆုံးပဲ လို့ အမူးသမား လေး က တွေးမိတော့ သူ့ရဲ့ မျက်နှာကို ရေအေးတွေ နဲ့  အပြင်းအထန် လောင်းချ လိုက်ပြန်တယ်။ ဒါပေမယ့် သူဘေး ကို လှည့် လိုက်တဲ့ အခါ မူးဝေ တာကို ခံစား လိုက်ရပြီယ ​ခြေထောက်တွေ ကလည်း ပျော့ခွေ သွားတော့တယ်။

" အရမ်း ကို ရန်လို မနေစမ်း ပါနဲ့ကွာ။ မင်းလေး က အခုထိ ပြောစကားကို နားမထောင်ဘူး..."

တိုးဖျော့တဲ့ အပြစ်တင်သံ တစ်ခု က ထွက်လာပြီးနောက် ကျန်းရှု လည်း အားကောင်း တဲ့ပွေ့ ဖက်မှု ထဲ ကိုရောက် ရှိသွား​တော့တယ်။ အရမ်းကို ညင်သာပြီး သန်မာတဲ့ ပွေ့ဖက်မှု တစ်ခုပဲ။ ဒါပေမယ့် နောက်တော့လည်း မင်းသမီးလေး လို အချီ ခံ လိုက်ရတယ်။ ထိုအချိန်မှာ သူ့ခြေထောက်တွေ က မြေပြင် ကနေ လွတ်သွား တာကြောင့် သူ့နှလုံးသား လေး ကလည်း တုန်လှုပ် သွားလေတယ်။ သူလုံခြုံတယ် လို့ မခံစား ရတော့တာကြောင့် ချက်ချင်း ပဲ ရုန်းကန် တွန်းထိုး လာခဲ့တယ် ။ အမှန်တော့ သူ့မှာ ရုန်းကန်ဖို့ အားတောင် မရှိပါဘူး။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now