အပိုင်း ၁၆

Start from the beginning
                                    

" မနက်ရောက်ပြီး၊ ပြန်လို့ရပြီး "

" မနက်စာ "

" မကျွေးဘူး။ ပြန်တော့ "

" အဟက် ကိုယ်လည်းမနက်စာမစားချင်ပါဘူး၊ ညစာပဲ စားချင်တာ "

" အခြားမှာ စားချင်တာ သွားစား၊ ကျွန်တော်ကိုလာမရှုပ်ရင်ပြီးရော ပြန် "

" မပြန်ဘူး။ ကိုယ်ဒီမှာနေရမှာ "

" ဘယ်သူပေးနေလို့လဲ၊ ခင်ဗျားအလုပ်မရှိဘူးလား "

" ကိုယ့်တိုက်ခန်းရှိရာ ကိုယ်နေတာ၊ ခွင့်ပြုချက်လိုလို့လား "

" ကိုယ်တိုက်ခန်းဆိုတာ ဘာလဲ "

" အင်း... ဘေးခန်းလေ။ မရှင်းရသေးလို့၊ ကိုယ်တို့ နောက်မှထပ်တွေ့ကြတာပေါ့ "

အခန်းပြင်ထွက်သွားသူကို ငေးကြည့်ကာ သော်လင်းအမြန်တွေးယူရ၏။ ဒါဆို သူ့အခန်းရှိရှိကြီးနဲ့ မျက်နှာပြောင်တိုက်လာနေသွားတယ်ပေါ့လေ။ အကြောင်းပြချက်က အခန်းမရှင်းရသေးလို့တဲ့လား။

" အား...စောက်ကျင့်မကောင်းတဲ့ကောင် "

............

" စိတ်မောလိုက်တာ ဟာ... "

စိတ်မောလိုက်လေခြင်း။ ဟုတ်ပါ၏။ ကိုယ်ပိုင်ရာအခန်းမှာ အေးဆေးနေတာတောင် အနှောက်အယှက်က ရှိနေပေသည်။ တစ်နေ့တစ်နေ့ အကြောင်းပြချက်မျိုးစုံဖြင့် ပေါ်လာသူကြောင့် သော်လင်း စိတ်မောရသည်။ ဥပမာ-

...တီးတောင်...(ဘဲလ်သံ)

" လာပြီး။ ဘယ်သူလဲ "

" မနက်စာ "

တံခါးဖွင့်လိုက်ချိန်ရုတ်တရက် ပေါ်လာသော မျက်ခွက်ကြောင့် စိတ်ရှုပ်ရသည်။ စောစောစီးစီး မနက် ၆ နာရီမှာ မနက်စာလာပို့တယ်တဲ့လေ။ ပြီးလျှင် ဘာတဲ့... ရေချိုးခန်းလေ ခဏသုံးချင်လို့၊ အိပ်သာသုံး စက္ကူငှားပါအုန်းနဲ့၊ အကြောင်းပြချက်များမထပ်အောင်ပေး၍ အမျိုးမျိုးနှောက်ယှက်နေပေသည်။

....တီးတောင်..(ဘဲလ်သံ)

တီးပါစေဆိုပြီး ပစ်ထားလိုက်လျှင်လည်း

..ဒေါက်ဒေါက်ဒေါက်...(တံခါးခေါက်သံ)

" အထဲမှာရှိနေတာ သိတယ်နော်၊ တံခါးဖွင့်အုန်း "

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now