7

1.6K 246 52
                                    

"မ...နဲ့ သုံးခု"

"1.တခြားသူရဲ့ အမှားနဲ့ ကိုယ့်ကိုယ်ကို အပြစ်မပေးနဲ့။

2.ကိုယ့်အမှားနဲ့ တခြားသူကို အပြစ်မပေးနဲ့။

3.ကိုယ့်အမှားနဲ့ ကိုယ့်ကိုယ်ကို အပြစ်မပေးနဲ့။"

ရိပေါ်က စားပွဲပေါ်မှာ မေးတင်ထားရင်း ရှောင်းကျန့် ဖတ်ပြနေသည့် ဒဿနအချို့အကြောင်း မျက်စိမှိတ် တွေးတောနေသည်။

ဟိုဘက်သည်ဘက်အခန်းနှစ်ခုကြားရှိ သံတိုင်များကို မေ့လျော့သည်အထိ သူတို့နှစ်ယောက်၏ နှလုံးသားများမှာ နီးကပ်နေသည်။

ဆရာဝန်ပေးသော စာအုပ်ကို ရှောင်းကျန့်ဆီ ပေးလိုက်ပြီးပြီ။

ရှောင်းကျန့်ကတော့ သူဖတ်ပြမည်ဟု ဆိုလာ၏။

"မျှဝေခြင်းဟာ ပျော်ရွှင်ခြင်းတွေထဲက အပျော်ရွှင်ရဆုံး လုပ်ရပ်တစ်ခုဖြစ်တယ်.."

ထိုစာကြောင်းကို မနေ့ကပဲ သူဖတ်ခဲ့သည်..။

///

"တွေ့ရတာ ဝမ်းသာပါတယ်ခင်ဗျ"

"ဟုတ်ပါပြီ တွေ့ရတာ ဝမ်းသာပါတယ်"

"အရင်ဆုံး လျှောက်ပတ်ကြည့်ရအောင်.."

"ဟုတ်ကဲ့ ဒီဘက်ကို ကြွပါ"

အသက် 40 အရွယ်ခန့်ရှိမည့် ယောက်ျား၊ မိန်းမ ငါးယောက်ခန့်က ရုံးခန်းအပြင်အဆင်များကို ကြည့်ရှုကာ ကျေနပ်သွားဟန် ရှိသည်။

အပြင်ပြန်ထွက်သွားကြသည့် ထိုလူများ အခန်းနောက်ကျောက ဗီရိုကိုသာ ဖွင့်ကြည့်ခဲ့လျှင်...

"မစပ်စုတတ်လို့ တော်သေးတာပေါ့ "

///

"ငါကလေ အဲဒါတစ်ခုတော့ ကောင်းတယ်သိလား.."

စာအုပ်ကို စားပွဲပေါ် မှောက်လျက်ချလိုက်ရင်းမှ ရှောင်းက သူ့ကို ကြည့်ကာ ပြောလာသည်။

"ငါ ဘယ်တော့မှ သူများအမှားနဲ့ ကိုယ့်ကိုယ်ကို အပြစ်မပေးတတ်သလို ကိုယ့်အမှားနဲ့လည်း သူများကို အပြစ်မပေးဖူးဘူး
အဲ့လိုပဲ ကိုယ်လုပ်ခဲ့တဲ့အလုပ်တွေထဲမှာ အမှားပါတယ် မထင်လို့လည်း ကိုယ့်အမှားနဲ့ ကိုယ့်ကိုယ်ကို အပြစ်မပေးတတ်ဘူး"

𝐇𝐨𝐥𝐝 𝐌𝐲 𝐇𝐚𝐧𝐝  ✓Where stories live. Discover now