1

7.4K 449 45
                                    

"တစ်. နှစ်. သုံး. လေး.."

"ဆယ့်တစ်. ဆယ့်နှစ်. ဆယ့်သုံး. ဆယ့်လေး.."

"လေးလေး. လေးငါး. လေးခြောက်.."

"ခြောက်ဆယ်.. ပြီးပြီ.."

အဆုံးသတ်ပြီးသွားသော မာဖလာမိုးပြာရောင်လေးက သူ့လက်ထဲတွင် လှချင်တိုင်းလှနေသည်။

ဆောင်းတွင်းဆို အသည်းခိုက်မတတ် ချမ်းအေးတတ်သောနေရာမို့ လာမည့်ဆောင်းအတွက် ကြိုတင်ထိုးထားခြင်းပင်။

ပြက္ခဒိန်အသေးလေး၏ 21 ဆိုသော အကွက်ကို ခဲတံနှင့် ကြက်ခြေခတ်ခြစ်ကာ အမှတ်အသားလုပ်လိုက်ပြီး ပြန့်ကြဲနေသော ချည်စများကို ချည်လုံးတစ်လုံးတွင် ပတ်ထားလိုက်သည်။

"ဒီတစ်ခါ ချိန်းမှားမထိုးမိဘူးပဲ..
ရှောင်ရှောင်း တော်တယ်"

ချီးကျူးမည့်သူ မရှိသည့်အခါ ကိုယ့်ကိုယ်သာ ချီးကျူးရင်း ရှောင်းကျန့် ကြမ်းပြင်ပေါ်လှဲအိပ်ဖို့ ပြင်သည်။

"ရှောင်းကျန့်.. ရှောင်းကျန့် ငါ့တူ.."

"ဗျာ.."

ကြမ်းပြင်မှ ထကာ ဝေ့ဝဲကြည့်လိုက်တော့ တစ်ဖက်အခန်းမှ ဦးလေးကျိုးက သံတိုင်နှစ်တိုင်ကို လက်ဖြင့်ကိုင်ရင်း သူ့ဘက်မျက်နှာမူ၍ ခေါ်နေခြင်း ဖြစ်သည်။

"ငါ့တူ နေ့လည်စာ ရတယ်မလား"

"ရတယ်လေ ဦးလေးရောမရဘူးလား"

"ရတယ်..
ရတာက ရတယ်
အခု ဦးလေး ဗိုက်ဆာနေလို့ အဲဒါ
မင်းမှာ ကျန်သေးရင်.."

"အာ ကျန်သေးတယ် ကျန်သေးတယ်
ရော့.."

ခြောက်လက်မအကျယ်ရှိ သံတိုင်များကြားမှ နေ့လည်စာဘူးကို ထိုးပေးလိုက်ပြီး ဦးလေးကျိုးကို အကဲခတ်ကြည့်လိုက်သည်။

သားရော မယားရော ဆုံးရှုံးခဲ့ရသူပီပီ ဦးလေးကျိုး၏ ပုံစံမှာ မြင်လိုက်သည်နှင့် နှာခေါင်းရှုံ့ဖွယ်ကောင်းအောင် စုတ်ပြတ်နေသော်လည်း ရှောင်းကျန့်အတွက်တော့ ကရုဏာသက်မိရုံမျှသာ..။

"ကျေးဇူးတင်ပါတယ် ငါ့တူ
ဦးလေးလည်း အားနာမိပေမယ့် မအောင့်နိုင်လို့.."

𝐇𝐨𝐥𝐝 𝐌𝐲 𝐇𝐚𝐧𝐝  ✓Where stories live. Discover now