"မင်း မမြင်ဘူးလား"

"ဆောရီး ဆောရီးပါဗျာ တောင်းပန်ပါတယ်"

ထိုဘက်က ပြာပြာသလဲတောင်းပန်မှ ရုပ်ကိုကြည့်မိတယ်
သူမြင်ဖူးသလိုလိုပဲ ထိုလူ့ကို။ဘယ်မှာ မြင်ဖူးလဲ စဉ်းစားမရ။

"ဘမ်!"

ဘတ်ဟျွန်း ခေါင်းမွှေးတွေထောင်ကုန်တယ်။

"မင်း မင်းက"

"လူးဝစ်လေကွာ "

ဘတ်ဟျွန်း ခေါင်းပေါ် ကွက်ရှင်မက်တွေ ထောင်တက်လာတယ်။အရင်ဘ၀က ဂိုဏ်းတစ်ခုမှာ ရောင်းစားခံရတုန်းက ခင်ခဲ့တဲ့ သူက ဒီဘ၀ထိလိုက်လာတာလား။

" လူး လူးဝစ်?"

ခေါင်းညိတ်ပြလာတဲ့ အရှေ့ကကောင်ကြောင့် သူဘေးဘီကိုဝဲကြည့်မိတယ်။ဒီကိစ္စ လူသိလို့မဖြစ်ဘူး။
ထိုကောင်ကို ဂုတ်ဆွဲပြီး နီးရာ စားသောက်ဆိုင်ထဲ ခေါ်ဆွဲသွားလိုက်သည်။
သီးသန့်ခန်းတစ်ခန်းယူပြီး လိုက်လာမယ့် ကိုယ်ရံတော်တွေကို အကြည့်တွေနဲ့ ပိတ်ဟောက်ပြစ်လိုက်တယ်။

"ပြောစမ်း မင်းဘယ်သူလဲ"

"နေပါအုန်းကွာ ဒါနဲ့စားသောက်ဆိုင်ထဲဝင်ပြီး ဘာမှမမှာဘူးလား"

"ကင်ဂျုံအင်!"

"အေးပါ အေးပါ"

ဘတ်ဟျွန်းက ဘေးနားက Free ရတဲ့ ရေသန့်ဘူးကောက်ဆွဲပြီး ရွယ်လာမှ ထိုသကောင့်သားက ခေါင်းညိတ်ပြတယ်။

"ငါပြန်လည်မွေးဖွားလာတယ်ဆိုယုံမလား"

"ဟမ် မင်း မင်းလည်း"

"အေး မင်းရောလား"

"ငါရိုက်လိုက်မယ် ငါဟုတ်လို့ မင်းကိုသိနေတာပေါ့ "

ဂျုံအင်က နှုတ်ခမ်းကြီးရွဲ့ပြီး ကြည့်တယ်။ဘတ်ဟျွန်း ဘေးနားကရေဘူးကို ပြန်ကိုင်ပြတော့မှ အကြည့်လွှဲသွားတယ်။

ဗလမရှိပေမယ့် ဇကရှိတယ် ဘတ်ဟျွန်းက။

"မင်းအခုဘာလုပ်နေတာလဲ"

ဂျုံအင့်အမေးကြောင့် ဘတ်ဟျွန်း ဗိုက်ကိုကော့ပြလိုက်တယ်။

"ကောင်းစားနေလိုက်တာ အဆီတွေတက်လို့"

"-ီး အဆီလား ဗိုက်ကြီးနေတာကွ ခွေးသားရဲ့"

𝐃𝐄𝐌𝐎𝐋𝐈𝐓𝐈𝐎𝐍[COMPLETED]Where stories live. Discover now