အပိုင္း-(၁) (Unicode)

ابدأ من البداية
                                    

ရောက်ပြီလို့ ပြောတော့လည်း ကားပေါ်ကနေ ကိုယ့်အိတ်ကိုယ်ယူပြီးဆင်းတော့ လင်္ကာတို့ အိတ်တွေကို သယ်သွားပေးဖို့ တုတ်တုတ်လေးတစ်စီးက အဆင်သင့်။ လင်္ကာတို့ကတော့ ကုန်းမြင့်လေးပေါ်မှာရှိနေတ့ဲ Resortလေးဆီကို မှောင်မှောင်မဲမဲထဲမှာပင် ဖုန်းမီးလေးတွေကိုယ်စီဖြင့် သွားကြရသည်။ ဆောင်းတွင်းဘက် ဖြစ်တာမို့ စိမ့်ခနဲ တိုက်လာသော လေအေးတွေကြောင့် မောပန်းနေမှုများကလည်း အနည်းငယ်တော့ ပြေပျောက်သွား၏။

လင်္ကာတို့ resortရဲ့ Recptionလေးလိုလည်းဖြစ် dinning roomလေးလည်း ဖြစ်တ့ဲ နေရာလေးကို ရောက်တော့ ဒီprogram လေးကို စီစဉ်သော အဖွဲ့မှ အစ်မတစ်ချို့က ကြိုရောက်နေကြပြီး သူတို့တွေက လင်္ကာတို့ကို စောင့်လို့နေလေသည်။နေရမ့ဲ အခန်းတွေနဲ့ လူေတွေအကုန်ကို ခွဲတမ်းချလိုက်တော့ တစ်ယောက်တည်းလာသည့် လင်္ကာက နောက်ဆုံးတွင်တစ်ယောက်တည်း ဘက်ပ့ဲ၍သာကျန်၏။ အ့ဲတော့ အခန်းတွေစီစဉ်ပေးသည့် ကြည်ပြာဟုခေါ်သော အစ်မက လင်္ကာတို့ကို စာသင်ပေးမည့် ဆရာမ(၃)ယောက်တွင် တစ်ယောက်တည်း တစ်ခန်းနေနေရသည့် ဆရာမတစ်ယောက်၏အခန်းတွင် တူတူနေရန် မေတ္တာရပ်ခံသည်။

"တီချယ်ရှင်း" လို့ ခေါ်လိုက်သည့် မကြည်ပြာ၏ အသံနောက် စက္ကန့်ပိုင်းမျှတွင် လင်္ကာနေရမည့် ဘန်ဂလိုလေး၏ တံခါးပေါက်နှစ်ချက်က ပွင့်လာ၏။ ထိုတံခါးပေါက် အလယ်တည့်တည့်တွင်တော့ အသားရောင် ဒူးဖုံးလည်ဟိုက်night dressလေးအား အပေါ်ထပ်လက်ရှည် အပါးလေးထပ်၀တ်ထားသည့် လင်္ကာ့ထက် အသက်အနည်းငယ်မျှကြီးမည်ဟု ထင်ရသော မိန်းမတစ်ယောက်က တံခါးရွက်နှစ်ချက်အား ခပ်ကျယ်ကျယ်ဖွင့်ထုတ်ပြီး လကာၤတို့ကို ပြုံးပြီးကြည့်ကာ…

"ကြည်ပြာလာလေ…ဘာကိစ္စရှိလို့လဲ"

"အထွေအထူး ဘာကိစ္စမှတော့ မရှိပါဘူး တီချယ်ရှင်းရဲ့…ဒီညီမလေးကို တီချယ်ရှင်းနဲ့ ထားဖို့ပါ…အခန်းတွေကလည်း လူပြည့်နေပြီဆိုတော့လေ…သူတစ်ယောက်တည်းပဲဖြစ်နေလို့ပါ…အခန်းလွတ်တွေကတော့ ရှိပါသေးတယ်…ဒါပေမ့ဲ ညီမလေးတစ်ယောက်တည်းတော့ မနေစေချင်လို့လေ…အ့ဲတာ တီချယ်ရှင်းန့ဲ အခန်းတူတူသုံးရင် အဆင်ပြေမလားလို့ လာမေးတာပါ…အကယ်၍မှ အဆင်မပြေဘူးဆိုရင်တော့…"

အနောက်တောင်အရပ်က လွမ်းတဲ့အလွမ်းحيث تعيش القصص. اكتشف الآن