အပိုင်း ၁၅

Start from the beginning
                                    

"၂၄ ။ ဘယ်လောက်ရှိရှိ !  ခင်ဗျားနဲ့ဘာဆိုင်လဲ၊ ကျွန်တော်အခန်းက ခုချက်ချင်း ပြန်ထွက်သွား !  "

ထွက်သွားရန်ပြောနေသည့်ကိုပင် အရေးမစိုက်ဟန်ဖြင့် ဆိုဖာ၌ဝင်ထိုင်လျက် ခြေချိတ်မပျက်ရှိ
သူကြောင့် စိတ်အခြေနေသည် အကြီးအကျယ်လေသွားရ၏။

" ဘာထိုင်လုပ်နေသေးတာလဲ။ ပြန်လို့ပြောနေတယ်လေ "

" ဒီည ဒီမှာအိပ်မှာ "

" ဘယ်သူသဘောနဲ့လဲ။ ရူးနေတာလား၊  ခ​င်ဗျားနဲ့ကျွန်တော်​ခင်လည်း မခင်ဘူးလေ၊ ဘာလို့ လာရစ်နေတာလဲ၊ ပြန်လိုက်ပါတော့ဗျာ။ လိုက်တောင်းအိပ်တတ်တဲ့ အကျင့်ရှိရင်လည်း အခြားမှာသာ သွားတောင်းအိပ်လိုက်စမ်းပါ "

" ကိုယ့်သဘောနဲ့ကိုယ် အိပ်မှာပေါ့ "

" ဘာ !  ခင်ဗျား !  ဒီမှာအိပ်ရအောင် ကျွန်တော်နဲ့သိလို့လား၊ မရစ်နဲ့နော်... မူးနေတာလား။ ရူးနေတာလား။ သွား...သွာ...အခြားမှာသာ သွား​အိပ် "

" ဟင့်အင်း။ သော်လင်းနဲ့ပဲ အိပ်ချင်တာ "

" ဟာကွာ...ခင်ဗျား ! ထွက်သွား လာ "

လာရစ်နေသူ့ကြောင့် ဒေါသထွက်ရ၏။ ထိုသူကိုမြင်တိုင်း လူကြီးကိုသတိရစိတ်ဖြစ်မိ၍ မပတ် သက်ချင်။ သို့သော် ဘယ်ကဘယ်လို့ရေစက်တွေကြောင့်များ တိုက်ခန်းထဲထိများ...

" ဟာ..."

လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီး ဆိုဖာထက် ထိုင်နေသူ၏လက်မောင်းကို ဆွဲထူလိုက်လျှင် မရ။ ထပ်ထူ​ကြည့်လိုက်လည်း မရ။ အရမ်းလေးလွန်းသည့်ဟု ခံစားလာရ၍ ထပ်မထူနိုင်တော့။ မောင်းထုတ်လည်းမရ ဆွဲထုတ်ဖို့ကလည်းမနိုင်ဖြစ်ရ၏။

" သော်လင်း "

" ဘာလဲ ! "

ဘေးရှိတစ်ယောက်ထိုင်ဆိုဖာမှာ ခြေပစ်လက် ပစ်ထိုင်နေသည် အကောင်ပေါက်ကို နာမည်ခေါ်လိုက်လျှင် ပြန်ထူးလာသော အသံပါဝါကြောင့် အနည်းငယ်ပင် လန့်သွားမိသည်။ အကောင်သေးသော်လည်း အသံကျယ်ပါပေ၏။

" ကိုယ့်ဆိုဖာမှာပဲအိပ်မှာပါ "

" ဆိုဖာမှာမအိပ်လို့ ဘယ်မှာအိပ်ချင်သေးတုန်း သူတောင်းစားကောင်ရဲ့... "

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now