အပိုင်း ၁၅

Start from the beginning
                                    

" ဟင် "

ချက်ချင်းသဘောတူသွား၍ အနည်းငယ် စိတ် ကျေနပ်သွား၏။ သို့သော် ထိုကျေနပ်စိတ်သည် ထိုသူ၏နောက်ထပ်စကားတို့ကို ကြားလိုက်ရချိန်တွင် ပြန်ပျောက်ရပြန်၏။

" ကိုယ့်မျက်မှန်တတ်ထားလိုက်ပြီး "

စကားကို ကတ်သီးကတ်သတ်ပြောသူကြောင့် စိတ်မရှည်ချင်တော့။ ထို့ပြင် သော်လင်းအခန်းရှိရာအထပ်လည်းရောက်ပြီးဖြစ်၍ အပြင်သို့ထွက်လိုက်လျှင် ထိုသူသည်အနောက်မှ လိုက်လာပြန် ၏။

သော်လင်းခြေကို တစ်လှမ်းလှမ်းလျှင် ထိုသူကလည်း ခြေတစ်လှမ်းလိုက်လှမ်း၏။ သော်လင်းရပ်လိုက်လျှင် ထိုသူ ရပ်သွားပြန်၏။ စိတ်မရှည်တော့၍ မျက်နှာချင်းဆိုင် တည့်တည့်လှည့်ကြည်လိုက်လျှင် မျက်မှန်တပ်ထားလျက်ဖြင့် သော်လင်းအား လက်ပြနှုတ်ဆက်လာသူ။ လှုပ်နေသောလက်ချောင်းတို့ကိုကြည့်ပြီး လာပြောင်နေသည်ဟု ခံစားမိပေ၏။

" ခင်ဗျား ဘာလုပ်ချင်တာလဲ "

" သော်လင်းနောက်ကို လိုက်ချင်တာ "

" ကျွန်တော်ဘယ်သွားမယ်မှန်း ခင်ဗျားသိလို့လား "

" မလိုဘူး၊ သိလည်း မသိချင်ဘူး။ သော်လင်းသွားရာကို ကိုယ်လိုက်နေမှာမို့ ကုတင်ပေါ် ပဲဖြစ်ဖြစ် ဘယ်နေရာဖြစ်ဖြစ်... "

" ဘောနေရာပဲ ရမယ် "

လက်ခလယ်ထောင်ပြလိုက်ပြီး အခန်းရှိရာကိုသာ အမြန်ဦးတည်လျှောက်လိုက်သည်။ အခန်းရှေ့ရောက်ချိန် တံခါးမြန်မြန်ဖွင့်ပြီး အထဲသို့အမြန်ပြေးဝင်လိုက်လျှင် ထိုသူလည်း တံခါးမပိတ်ခင်အမှီ အတင်းတိုးဝင်လာပြန်သည်။ သူတစ်ပါးအိမ်ထဲ ခွင့်ပြုချက်မရှိဘဲ ပိုင်စိုးပိုင်နက်ဝင်လာသူကြောင့် ဒေါသစိတ်တို့မှာ တစ်လုံးတစ်ခဲဖြစ်တည်လာ၏။

" ခင်ဗျား ! "

" ရှူး... ကိုယ့်နာမည်က ဒေါင်းမာန်၊ ခင်ဗျားမဟုတ်ဘူး "

" မင်း မင်း "

" ရှူး... ရိုင်းလိုက်တာ။ ကိုယ့်က ၃၃ နှစ်ပြည့်တော့မှာ၊ သော်လင်းကရော "

လက်ညှိုးတစ်ထိုးထိုးနှင့် အကောင်ပေါက်ကို ကြည့်လျက် အသက်ကြီးသူကို ရိုသေသင့်ကြောင်း ပြောပြလိုက်သည်။

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now