"ဟုတ်တယ်..ငါတို့ကိုသက်သက်အာဏာလာ
ပြနေတာ..သခင်ဆိုတဲ့သူက ဘယ်လောက်
ကြောက်ဖို့ကောင်းနေလို့လဲ...အမလေးကြောက်နေလိုက်ကြတာဆိုတာ.....ငါတို့ကိုခြောက်
ပြီးအလုပ်တွေမတရားကိုခိုင်းတာ..."

"မမလေးသွန်း ဒီစံအိမ်ရဲ့သခင်မဖြစ်လို့က
တော့ ဒင်းတို့တွေနှိပ်စက်ခံရတာကို ကောင်း
ကောင်းကြီးကြည့်ပြီး ပျော်ပြမယ်.."

အိမ်ဖော်မနှစ်ယောက်ကတော့ ခမ်းရဲ့အ
ကြောင်းကို မသိသေးသူမို့ ခပ်လွယ်လွယ်သာ
တွေးနေကြလေသည်...သူတို့စိတ်ထဲ ခမ်းက
ဟိတ်ဟန်သာကြီးနေသည့်သူလိုမျိုး..သွန်းနဒီ
နဲ့ယူပြီးရင် သူတို့ရဲ့ဘဝလည်းပြောင်းလဲသွား
မည်ဟုထင်နေကြလေသည်..။

"သည်းသက်...လာ..မန့်မန့်စားကြမယ်..ဦး
ရဲ့ပေါင်ပေါ်မှာထိုင်နော်..ဦးခွံကျွေးမယ်.."

ချစ်ရသော သည်းသက်လေးကိုတယုတယ
ဖြင့် ပေါင်ပေါ်ပွေ့တင်ပြီး ပါးလေးကိုလည်း
နမ်းဖို့ တာဝန်မပျက်ပေ...။

"သွန်းလည်း အတူစားလို့ရမလား ကိုကို.."

"သူကိုမုန်းတယ်...သူနဲ့မစားချင်ဘူး..ဟင့်အင်း
သူနဲ့မစားချင်ဘူး..."

သွန်းနဒီ သူအပေါ်ယုတ်မာထားတာမှတ်မိနေ
တဲ့သည်းသက်က အတင်းအကြောက်အကန်
ခေါင်းလေးတခါခါ လက်ညို့လေးထိုးပြီး ငြင်းလေတော့သည်...။

"ငါ့သည်းသက်က မင်းနဲ့မစားချင်ဘူးတဲ့ မင်း
စားဖို့ အိမ်စေတွေအခန်းထဲစိစဥ်ပေးလိမ့်မယ်
သွားတော့.."

"ဒါပေမဲ့ သွန်းတယောက်တည်းစားရင်အရမ်း
အထီးကျန်လို့ပါ..သွန်းဘာစကားမှမပြောဘဲ
စားပါမယ်..နှင်တော့မထုတ်ပါနဲ့နော် ဟင့်.."

မရှိရှိတဲ့မျက်ရည် ကိုညှစ်ထုတ်ပြီး အသနား
ခံနေတဲ့ သွန်းနဒီကို အိမ်စေတွေကမသနားဘဲ
အမြင်ကပ်ကြပေမဲ့ သူ့လူယုံအိမ်ဖော်မနှစ်
ယောက်ကတော့...

"ကြည့်ပါဦး ဒီလောက်ချောတဲ့ မမလေးသွန်း
က အသနားခံနေတာတောင် ဟိုကျပ်မပြည့်
တဲ့ ကလေးအရူးကို ဦးစားပေးချစ်ပြနေလိုက်
တာ.."

"ဟုတ်ပ့...အမြင်ကိုကပ်တယ်...ကြည့်ပါလား
လုပ်ပြနေတဲ့ရုပ်က အရူးကအရူးလိုမနေဘူး
ငါတို့မမလေးသွန်း သနားပါတယ်.."

ကကြိုးရုပ်[ Complete ]Where stories live. Discover now