"ဇူးချန်နဲ့  ရှင်းမန် ထွက်ပေါက် ရလိုက် ကောက ငါနဲ့အတူ တိုက် "
လင်းကျိအနေနဲ့  တံခါးပေါ်က စာတွေကို နားမလည်တာကြောင့် တံခါးမဖွင့်နိုင်ချေ။ ထွက်လာသမျှ အလောင်းကောင်တွေကို စူးညီအစ်ကို နှစ်ယောက်က ရှင်းမန်တို့ ဆီ ရောက်မသွားအောင် တိုက်ခိုက်ကြလေတယ်။
ဇူးချန်နဲ့  ရှင်းမန် တံခါးတွေက စာတွေကို လေ့လာသုံးသပ်ကာ စာပြန်စီလိုက်လေတယ်။
"အခေါင်း အောက် " ဆိုတဲ့ စာဂလုံးထွက်လာတော့ ဇူးချန်ရော ရှင်းမန်ပါ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြတယ်။
"မဟုတ်မှ လွဲရော ထွက်ပေါက်က အခေါင်းတွေ အောက်မှာလား"
နှစ်ယောက်လုံးဆီက ပြိုင်တူ ထွက်လာတဲ့ စကားပင်။
ထိုအချိန်တွင် အလောင်းကောင်ငယ်တွေကို ရှင်းလင်းပြီးတဲ့  လင်းရန်ဟာ အလောင်းကောင်ဘုရင်နဲ့ တိုက်ခိုက်နေတဲ့ လင်းကျိကို ဝင်ကူလေတယ်။ လင်းကျိ အလောင်းကောင်ရဲ့ လက်နဲ့ အရိုက်ခံလိုက်ရကာ နံရံနဲ့  တိုက်မိကာ သွေးပင် အန်လေတယ်။လင်းရန်ကလည်း အလောင်ူကောင် ဘုရင်ရဲ့  လည်ပင်ညစ်ကာ အပေါ် မြှောက်ထားခံရလေတယ်။
ရှင်းမန်နဲ့  ဇူးချန် အခေါင်းတွေကို တွန်းဖယ်ကာ ထွက်ပေါက်ရှာနေရင်း စူးညီအစ်ကိုတွက် စိုးရိမ်ပေးနေရလေတယ်။
"ဘယ်လို လုပ်မလဲ "
ဇူးချန်အမေးကြောင့် ရှင်းမန်လည်း သက်ပြင်းချကာ
သူ့လျို့ ဝှက်ထားတဲ့ သူ့ပညာတွေကို ထုတ်သုံးဖို့ သာ ပြင်လိုက်လေတော့တယ်။ဒီတိုင်း သူတို့သေသွားရတော့မှာပဲ။"ဇူးချန်ကော ထွက်ပေါက် ရှာလိုက် ကျွန်တော် သူတို့ကို ကူလိုက်မယ် "
"ဖြစ်ပါ့မလား ရှင်းမန်"
"ဖြစ်ပါတယ် "
"ဂရုစိုက်နော်"
ဇူချန်အပြောကို ခေါင်းညိမ့်ကာ ဓားကို ကိုင်လိုက်ပြီး ပါးစပ်ကနေ တီးတိုးရွတ်ဆို လိုက်ကာ လက်ဖဝါးကို ဓားနဲ့ ဖြတ်လိုက်လေတယ်။ဇူးချန်မှာရှင်းမန် လုပ်ရပ်ကြောင့် ကြောင်အသွားရပေမယ့် အလောင်းကောင်ဆီ တည့်တည့်ဝင်းသွားသော ရှင်းမန်ကို ကြည့်မနေတော့ပဲ အခေါင်းတွေကိုသာ တွန်းဖယ်လိုက်လေတော့တယ်။
YOU ARE READING
Meeting Ultimate Gods System(completed)
Romanceဒါလေးကတော့ ပုကြုတို့ရဲ့  ဖူးစားရေးနတ်ဘုရားလေး နဲ့  သူ့ ရဲ့  လောင်ကုန်း ဖြစ်လာမဲ့  သူလေးရဲ့  အကြောင်းလေးပေါ့နော် အားပေးမယ်ဟုတ်
Arc(10.5)
Start from the beginning