ကျန်းချူး ရန်ဟွားကို ပြန်ရောက်တော့ ဇာတ်လိုက် ကော ကြောင့် အပြစ်ပေးခံလိုက်ရတယ် ရေအိုးကို လက်ဖြင့်မြှောက်ကာ လေးနာရီ နီးပါး အေးနေတဲ့ ညမှာ ရပ်ခဲ့ရတယ် အပြစ်ပေးရပ်နေတုန်း ကျန်းချန်း ငယ်ဘဝကို ပြန်တွေးမိတယ် ကျန်းချူး ကိုယ်ဟာ ငယ်စဉ်ထဲက ချူချာတယ် ဒါကြောင့် ကျူးရှားယစ်ဟာ မှေးမိန်ပြီးပျောက်ကွယ်တော့မယောင်ဖြစ်နေလေတယ် ကျန်းမာရေးမကောင်းတဲ့ ကိုယ်နဲ့  လေးနာရီ လုံးလုံး အေးစက်တဲ့လေထဲရပ်နေရတော့ ကျန်းချူး ကိုယ်ဟာ လှဲကျသွားလေတော့တယ် သို့သော် သူကို ဂရုစိုက်တဲ့သူ တစ်ယောက်တောင်မရှိ ထိုနေရာမှာသာ လှဲကျနေခဲ့လေတယ်
နောက်နေ့မနက်မှာတော့ လှဲကျနေသော ကျန်းချူးနား မင်ချူး ရောက်လာကာ
"အိုက်ယိုး ဒီမျိုးမစစ်လေး ကို နိုး လိုက်စမ်း "
မင်ချူးရဲ့  မျက်နှာလို မျက်နှာရတွေက သတိမေ့နေတဲ့ ကျန်းချူး မျက်နှာတည့်တည့် အေးစက်နေတဲ့ရေတွေနဲ့  လောင်းချလိုကါတော့တယ် ကျန်းချူး သတိရလာတော့ သူတစ်ကိုယ်လုံး အေးစက်ကာ ချမ်းလွန်းလို့ တုန်နေပြီး အားမရှိသလို ခံစားရတယ် သူရှေ့ က မင်ချူးကို မြင်တော့ ဒေါသအလိပ်လိပ်ထွက်လာတယ်
မင်ချူးက သူ့ကိုအေးစက်စက် ဒေါသမျက်လုံးတွေနဲ့ ကြည့်နေတဲ့ ကျန်းချူးကြောင့် အနည်းငယ်လန့်သွားပေမယ့်
"ဖြန်း မင်းအကြည့်တွေ ပြင်လိုက်စမ်း ဘယ်ကို လာကြည့်နေတာလဲ "
ပါဝါခံထားပေမယ့် ရိုက်တဲ့အားက နူးညံ့တဲ့ကိုယ်ဖြစ်တာကြောင့် အတော်နာလေတယ် ပြီးတော့ လက်ရာကြီးပါ ပါးပေါ် ထင်ကျန်ခဲ့လေတယ်
အရိုက်ခံလ်ုက်ရတာကြောင့် နာကျင်သွားပေမယ့် နာကျင်မှုထက် ခံပြင်းမှုတွေ ဒေါသတွေက ပိုလေတယ် အားမရှိတဲ့ကိုယ်ဖြင့် အားတင်းကာ ထလိုက်ပြီး
မင်ချုးပါးကို ဟိုဘက် ဒီဘက် ရိုက်ချပြစ်လိုက်တယ် ထိုကြောင့် ဘေးနားက ကောတွေ လန့်ကုန်ကြတယ် ဟုတ်သည်လေ ခါတိုင်း သူတို့အနိုင်ကျင့်တိုင်း မျက်လွှာလေးချကာ နေတက်တဲ့ သူက ခုလို ပြောင်းလဲသွားတော့ အံ့သြထိတ်လန့်ကုန်ကြတယ်
ŞİMDİ OKUDUĞUN
Meeting Ultimate Gods System(completed)
Romantizmဒါလေးကတော့ ပုကြုတို့ရဲ့  ဖူးစားရေးနတ်ဘုရားလေး နဲ့  သူ့ ရဲ့  လောင်ကုန်း ဖြစ်လာမဲ့  သူလေးရဲ့  အကြောင်းလေးပေါ့နော် အားပေးမယ်ဟုတ်