Arc(8.6)

5.2K 595 0
                                    

ဝမ်ဂွန်   ညီလာခံတွင်  ငြင်းခုန်နေကြတဲ့ အဖိုးကြီးတစ်သိုက်ကြောင့် စိတ်တိုနေရလေတယ်။ ညီလာခံတက်တိုင်း အိပ်ဆောင်တွင် ဂျာမြောင်ကို ထားတာမသင့်တော် ကြောင်း မိဖုရားမြောက်သင့်ကြောင်း   သာ ထပ်နေလေရဲ့ ။ 

"အရှင်   နတ်နန်းဆောင်သခင်မ  ဂွန်းဟီ အခစားဝင်ကြောင်းပါ"

"ဝင်ခိုင်းလိုက်"

ဝမ်ဂွန် စကားအဆုံး  အဖြူရောင် ဝတ်စုံကိုမှ အနားသတ်အမဲနဲ့ ကွတ်ထားတဲ့ဝတ်ရုံကို ဝတ်ဆင်ထားပြီး  သေသပ်လှတဲ့ အဖြူရောင်ဆံထုံးပေါ်  ကျောက်စိမ်းဆံထိုး ထိုးထားတဲ့  အသက်ရှစ်ကျော်အရွယ်လို့ မထင်ရအောင် နုပျိုလွန်းတဲ့ တုတ်ကောက်နဲ့  အဘွားတစ်ယောက် ဝင်လာလေတယ်။

"အရှင့်ကို ဂါရဝပြုပါတယ် "

"ဘာကိစ္စများကြောင့် နန်းဆောင်သခင်မ ကိုယ်တိုင် ကြွလာရပါသလဲ"

ဝမ်ဂွန်အမေးကြောင့်  နတ်ဆရာမ ဂွန်းဟီက  ပြုံးလိုက်ကာ

"အရှင် မေ့နေပြီ ထင်ပါရဲ့   သိပ်မကြာခင်  နှစ်သစ်ရဲ့  လထွန်းလင်းပါတော့မယ်   "

နတ်ဆရာမ အပျော်ကြောင့်  ဝမ်ဂွန်အပါအဝင် အမတ်တွေ မျက်စိမျက်နှာ ပျက်ကုန်ကြတော့တယ်။  ဝမ်ဂွန် ဟာ နတ်ဆိုး နက္ခတ်နဲ့  ယဉ်တွဲ မွေး ဖွားလာပြီး  သွေးနီ လွမ်းတဲ့ နှစ်သစ်ကူး ညမှာ  ထွက်ပေါ် လာတတ်ကာ   မြင်တွေ့ သမျှ လူကို  သတ်ဖြတ်ကာ သွေးချောင်းစီးစေတယ်။

"နန်းဆောင် သခင်မ  ငါကိုယ်တော်   ကို သတိပေးတာ ကျေးဇူးတင်ပါတယ်"

"အရှင်  စိတ်မပူပါနဲ့ ဒီတစ်ခါ သွေးနီလွမ်းတဲ့အခါ  အရှင်ရဲ့  ဖူးစာရှင်  ထွက်ပေါ် လာပါလိမ့်မယ်  အရှင် ကံဇာတာအရ     မိဖုရားလောင်းဟာ  ဘုန်းတံခိုးကြီးမားပြီး   သွေးနီလွမ်းခြင်းကို ရပ်တန့်စေပါလိမ့်မယ်   ဒါပြင့်  တိုင်းပြည်လည်း ပိုမို အေးချမ်းသာယာ စေနိုင်တာမို့  အရှင့်အနေနဲ့  သေချာဆုံးဖြတ်ပေးစေလိုပါတယ်  ကောင်းကင်ဘုံအလိုကို  မဆန့်ကျင်ပါနဲ့ အရှင် " 

နတ်ရာမ ဂွန်းဟီမှာ  သူမ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကာ နတ်နန်းဆီ  ပြန်ခဲ့လေတယ်။ သို့သော်  သူမထိန်းချန်ထားတဲ့ အရာကိုတော့   သူမသေရင်တောင် ပြောခွင့်မရှိချေ။ 

Meeting   Ultimate  Gods  System(completed)Where stories live. Discover now