Kanzo တို့ သုံးယောက် Dragon ဂိုဏ်းနား ရောက်နေလေပြီ။သို့ သော် Zane မရောက်လာသေး။ ပြောတုန်းရှိသေး သူတို့နား ကားအနက်ရောင် တစ်စီး ရောက်လာကာ ထိုကားပေါ်မှ Zane ဆင်းလာလေတယ်။ သူတို့က အံ့သြသလိုကြည့်နေတော့
"ခိုးလာတာလေ ဟီး "
"သြော် ဘယ်လို စဝင်ကြမလဲ သူများအသိုက်ထဲ ဝင်ရတာမကောင်းတော့မကောင်းဘူးရယ် "
"ကျွန်တော် cctv hack ပြီး ကြည့်ထားတယ် ဟိုဘက်ကသွားဝင်ရအောင် အစောင့်တော့ တော်တော်များများတယ်"
"အားလုံး ကိုယ့်ကိုကိုယ် ဂရုစိုက် " Kanzoက သူ့ဆီ ဓားတစ်လက်ကမ်းပေးရင်း ပြောလေတယ်။ အစောင့်နည်းတဲ့ ဘက်ကနေ စတင်ဝင်လိုက်တာ စောင့်နေတဲ့ အစောင့်တွေကို Zane နဲ့  Jax တိတ်တဆိတ် ရှင်းလိုက်ကြတယ်။ ပြီးမှ အတွင်းပိုင်း မဝင်ခင် Cctv တွေကို hack ဟာ ပုံမှန်တိုင်း ဘာမဖြစ်သလို ပြနေစေလိုက်တယ်။
"ဝင်တော့ "
သူတို့ သုံးယောက် အထဲဝင်ကာ Jax က တစ်ဖက် အဆောက်အဦးပေါ် တက်ကာ စနိုက်ပါ နဲ့ အသင့်ရှင်းထားပေးလေတယ်။ ဇာတ်လိုက်အရှိန်အဝါနဲ့ သိပ်မကြာလိုက်ပဲ Miyaကို ရှာတွေ့ လေတယ်။ Miyaမှာ ဝမ်းသာလွန်တာကြောင့် Kanzoကို ဖက်လိုက်မိတယ်။ Kanzoမှာ ကြောင်အနေရင်းမှ နှလုံးတွေ ခုန်လာလေတော့တယ်။
Zane တစ်ယောက် သူ့ရှေ့ က falling in love ဇာတ်ဝင်ခန်းကြောင့် မျက်နှာလွဲလိုက်လေတော့တယ်။
"ဟေ့ ကြည့်ချင်ရင် အိမ်ရောက်မှ အဝကြည့်ရဟေ့ မသေချင်သေးရင် ဒီကထွက်ဖို့ လုပ်"
Amieရဲ့  စူးရှလှတဲ့ အော်သံကြောင့် Kanzoမှာ အသိပြန်ဝင်ကာ Miyaမှာလည်း ရှက်အန်းအန်း ဖြစ်သွားရလေတယ်။ သူတို့လေးယောက် ပြန်ထွက်တဲ့အခါမှာတော့ Miyaလွတ်သွားတဲ့တွက် အချက်ပြမီး လင်းကာ Dragon များ သိသွားလေတော့တယ်။
"f**k မြန်မြန်"
Zaneက ရှေ့ ကို ဦးဆောင်က ခေါ်သွားပြီး Kanzoက Miya နောက်တွင် မကျန်အောင် လက်ဆွဲကာ ပြေးရလေတယ်။ Amieကတော့ နောက်ကလိုက်လာတဲ့ ရန်သူတွေကို ရှင်းရင်း လိုက်လာလေတယ်။
သူတို့ အခန်းတစ်ခုထဲ ဝင်ပုန်းလိုက်ပြီး
"Kanzo ဒီတိုင်းဆို မလွတ်နိုင်ဘူး "
YOU ARE READING
Meeting Ultimate Gods System(completed)
Romanceဒါလေးကတော့ ပုကြုတို့ရဲ့  ဖူးစားရေးနတ်ဘုရားလေး နဲ့  သူ့ ရဲ့  လောင်ကုန်း ဖြစ်လာမဲ့  သူလေးရဲ့  အကြောင်းလေးပေါ့နော် အားပေးမယ်ဟုတ်