အပိုင်း (၁၀)

Start from the beginning
                                    

"ကျနော်ဘာလုပ်ပေးရမလဲ အန်တီထား"

" အန်တီတို့ကတော့ ဝင်မပါချင်တော့ဘူး။ သူက မိဘတွေဆို သိပ်စိတ်ရှည်တာ မဟုတ်ဘူးလေ။သား ပဲ ချော့မော့မေးကြည့်ပါလား။"ရ

"ဟုတ်ကဲ့ အန်တီထား, ကျနော် မေးကြည့်လိုက်မယ်"

"အားကိုးပါတယ် သားရယ်"

"အဲ့တာဆို ကျနော် ချို့ကို ဖုန်းဆက်ပြီး
သူရှိတဲ့နေရာ လိုက်သွားလိုက်မယ် အန်တီထား"

"အေးပါကွယ် အေးပါ"

-------------------------------------------

"ချို "

ကန်ဘောင်မှာ ထိုင်နေရင်း ခေါ်သံကြောင့်
လင်းလက်ချို လှည့်ကြည့်လိုက်တော့ လူမော်အောင်။

"နင် ဘာလို့ ဖုန်းမကိုင်တာလဲ, ငါ တစ်ညနေလုံး ရှာနေတာ နင့်ကို"

"ငါ စိတ်ရှုပ်နေလို့ပါ လူမော်ရယ်"

"ကျွတ် အချိန်လည်း ကြည့်ဦး, နင့်မိဘတွေ စိတ်ပူနေတော့မှာ။"

လင်းလက်ချို နာရီကြည့်လိုက်တော့ အချိန်က
၉ နာရီ ပင်ထိုးလုနေပြီ။

လူမော်အောင် သူ့ဘေးတွင် ဝင်ထိုင်လိုက်သည်။
"နင့်အမေ ငါ့ကို အကုန်ပြောပြပြီးပြီ"

"အော် ..."
ချို ဘာမှ ဆက်မပြော။

"နင့်အမေ ပြောတာလည်း မမှားဘူး ချို,
နင် မငယ်တော့ဘူးနော်။"

"လာပြန်ပြီဟာ, နင်တို့က ငါ လင်ယူမှ
ကျေနပ်မှာလား"

"ချို , ငါ နင့်အတွက် ပြောနေတာ။
နင် ရည်ရွယ်ထားတဲ့သူလည်း ရှိနေတာပဲ။
နင်က ဘာဖြစ်နေတာလဲ"

"ငါ ပြောပြီးသားလေ။ ဟိုက ငါ့ကို ချစ်လား မချစ်လားတောင် မသိသေးဘူးလို့"

"ဘာလဲ , မိန်းခလေးဘက်က စပြောရင်
သိက္ခာကျမှာစိုးနေတာလား"

"လူမော်အောင်, ငါ့မှာ ရှေးရိုးစွဲ အတွေးတွေ မရှိတာ နင်အသိဆုံးနော်"

"အေး အဲ့တာဆို နင်က ဘာကို စောင့်နေတာလဲ"
အသံက နည်းနည်းကျယ်သွား၍ ပတ်ဝန်းကျင်မှ လူများက ကြည့်လာသည်။

"နင်မသိပဲ ဝင်မပါစမ်းနဲ့ လူမော်အောင်"
ဒေါသသံတစ်ချို့နှင့် ချိုပြောလာသည်။

Princess of Dark God 🔞Where stories live. Discover now