Part36 (uni+zawgyi)

Start from the beginning
                                    

ကျွန်တော်သိ တာပေါ့

သူကျွန်တော့်အတွက် မနက်စာ အတင်းထလုပ်ပြီး ကျွေးတော့မယ်ဆိုတာ

မနေ့ကလည်း မေ့လဲထားတာ ဆိုတော့ သူ့ကို မပင်ပန်းစေချင်တာ အမှန်ပဲ

အကြောင်းပြချက်ကလည်းရှာမရ
နောက်ဆုံး သုငြင်းလို့မရတဲ့အဆုံး နှင်းရဲ့နံမည်ထည့်သုံးလိုက်တယ်

မသုံးချင်ပေမယ့် မဟုတ်ရင် အတင်းအပင်ပန်းခံနေဦးမှာလေ

ခုတောင် သူ့အတွက်ကြောင့်နဲ့ ထမင်းမစားပဲ ခေါက်ဆွဲပြုတ်ပဲစားတဲ့ ကောင်မလေးကို ခန့်ဘာ်လိုမငြင်းမရတာကြောင့်ပါ

.........

နက် အိပ်ယာကနိုးတော့ အိမ်မှာဘယ်သူမှ ရှိမနေဘူး မီးဖိုချောင်ထဲဝင်ကြည့်လိုက်တော့ စာတစ်စောင်

📝နက်
ငါအလုပ်ကအပြန်နောက်ကျနိုင်တယ် အပြင်မထွက်နဲ့နော် အိမ်မှာပဲနေ
ထမင်းသေချာစား

ပျင်းရင်ရုပ်ရှင်ကြည့်ထား

အရေးအကောင်းဆို အိမ်ဖုန်းနဲ့ ငါ့ကိုဖုန်းဆက်ဖို့မမေ့နဲ့📄

တော်တော်မှ ကြည်နူးစရာကောင်းတဲ့စာပါလား
နက်လည်း ဘာမှလုပ်စရာမရှိတာနဲ့ ခေါက်ဆွဲပဲပြုတ်ပြီး သားလိုက်တယ်
ပြီးတော့ အိမ့်ရှေ့ဧည့်ခန်းမှာ ရုပ်ရှင်ကြည့်နေလိုက်တယ်
.............

ခန့်ထယ်ဝါ ပုလဲနက်မနိုးခင် မနက်အစောကြီး ထပြီး ရုံးကိုလာခဲ့တာကြောင့် အိပ်ရေးကသိပ်မဝ

တဝါးဝါးနဲ့သမ်းနေတာကြောင့်

"Bossညက အဆင်ပြေတယ်ထင်တယ် ဟီး"

ရာဇာက သူ့ရဲ့မန်နေဂျာလဲဖြစ်သလို သူငယ်ချင်းအရင်းကြီးမို့ သူ့အကြောင်းအားလုံးသိနေတာဆိုတော့ သိသိလျက်နဲ့စလိုက်တာဖြစ်တယ်

ဒါကို အတွင်းရေးမှူးဖြစ်တဲ့ မင်းခန့်ကပါ

"ဟုတ်တယ်ကွ အဲ့ကောင်ကြီး မနေ့က သူ့မိန်းမနဲ့ အဆင်တွေပြေနေပုံရတယ် ရုံးရောက်တည်းက တဝါးဝါးသမ်းနေတာ
ဟားဟားဟား"

"ဘောကို အဆင်ပြေရမှာလား"

ခန့်ထယ်ဝါ သူတိုနှစ်ကောင်လုံးကို စားပွဲမှာရှိတဲ့ ဖိုင်တွေနဲ့ကောက်ပေါက်လိုက်တော့

တစ်ချက်လေး စောင်းငဲ့ကြည့်ဦးWhere stories live. Discover now