Zane တစ်ယောက် အိုးတိုးအန်းတန်း ဖြစ်သွားရပြီး ခနအကြာတော့  သခင်မကြီးကို ပြန်လည် ဖက်တွယ်လိုက်ကာ ကျောကို  ဖွဖွပေးပွတ်ပေးလိုက်လေတယ်။ ထိုမြငိကွင်းကို  ကြည့်နေတဲ့  သခင်ကြီးနဲ့  Ethanကတော့  ပြုံးလို့ပင်။နောက်မှ Ethanက  Zaneဟာ    သခင်ကြီး Rioနဲ့   သခင်မကြီး  Julier တို့ ရဲ့ ပျောက်ဆုံးနေသော သားဖြစ်ကြောင်း ပြောပြလေတယ်။

Zaneဟာ သူဘာမှ မလုပ်ရသေးပဲ mission အလိုလိုပြီးသွားတာကြောင့် ပျော်နေလေတော့တယ်။ Zane  တွက် နားရက်ရထားသည်မို့   Zane ဟာ မိဘတွေနဲ့ အတူ ကုန်ဆုံးလေတယ်။  ခုဆို Jaxနဲ့   Williamသည်လည်း Zane ရဲ့ ဆေးခပ် လုပ်ကြံမှုကြောင့်  ချစ်သူတွေ ဖြစ်သွားကြပြီ  Miyaနဲ့    Kanzoကလည်း    Miyaဖခင် ကန့်ကွက်နေသည့် ကြားက နှစ်ကိုယ်တည်း လက်ထပ်ခဲ့ကြတယ်။ Amie ကလည်း ဌာနချုပ်  ITဘက်က  ကောင်လေးတစ်ယောက်နဲ့   ချစ်သူတွေ ဖြစ်နေလေပြီ မလား။

Kanzoနဲ့  Ethan က ညီအစ်ကိုမှန်း သိသွားပေမယ့်  စိမ်းနေတာကြောင့် သိပ်မခေါ်မပြောကြပေ။

"ကိုကို  ဘာတွေ စဉ်းစားနေတာလည်း   "

ခါးသေးသေးလေးတွေကို  သူ့လက်မောင်းတွေကြား က်ထားရတာကို   Ethan သဘောကျလေတယ်။

"ဒီလိုပါပဲ   အာ ဒါနဲ့  Mr  Jole အကြောင်း ဘာတွေ စုံစမ်းရခဲ့လည်း "

" သိပ်တော့မရှိဘူး ကိုကို ဒါပေမယ့် စိတ်မပူပါနဲ့  သူဘာမှ မလုပ်နိုင်ပါဘူး"

"ဟင် အင်း    ဒါပေမယ့်   သူက မြေခွေးအို ကြီး ကောက်ကျစ်လွန်းတယ်  မင်းလည်း သေချာ ဂရုစိုက်    ရန်သူအပေါ် အထင်မသေးမိစေနဲ့  "

"ဟုတ်ကဲ့   သခင်လေးအမိန့်တော် အတိုင်းပါ  ပြွတ် "

ပြောရင်း  နူတ်ခမ်းတွေကို အသံထွက်သည်ထိ နမ်းရှိုက်လိုက်လေတယ်။အဖေနဲ့ အမေက  သူ့ကို Ethanနဲ့ ဆို စိတ်ချပါပြီ ဆိုပြီး နှစ်ယောက်သား ကမ္ဘာလှည့်ခရီးထွက်သွားကြသည်မှာ  နှစ်လပင် ရှိခဲ့ပြီ။ ထိုကြားထဲ  Zane အလုပ်နဲ့    Ethanကြား  ဗျာများခဲ့ရသေး။ ဒါကြောင့် Ethan က  ဌာနချုပ်နဲ့   အလဲအလှယ်လုပ်ကာ   Zaneကို သူ့အနား ခေါ်ထားလေတယ်။အရေးမကြီးပဲ  Zane  အလုပ်သွားစရာမလို Ever နားရက်ဖြစ်နေလေတော့တယ်။

Meeting   Ultimate  Gods  System(completed)Onde histórias criam vida. Descubra agora