အပိုင်း ( ၂ )

Start from the beginning
                                    

အိမ်မှူးကျေနပ်စွာပြုံးလိုက်မိရင်း လက်ညှိုးထောင်ပြကာ

"နောက်တစ်ခုကျန်သေးတယ်နော်"
"သိပါ့ဗျား ဆယ်တန်းအောင်ရင် လိုချင်တာဝယ်ပေးမယ်လို့ပြောထားတာ"
"ဟားးးး ကိုကိုမှတ်မိသားပဲ"
"မှတ်မိတာပေါ့... အိမ်မှူးလေး အိမ်ပြန်တော့လေ အခုအချိန်ဆို ခဲအိုလောင်းကြီး ရောက်နေလောက်ပြီ"
"ရောက်ပြီနေမှာပေါ့ တစ်ခါမှမတွေ့ဖူးတဲ့လူကြီးနဲ့ မမသွန်းကိုပေးစားရမှာလဲ နမြောသလိုပဲ"
"သြော် ဒါကအစ်မကိုနမြောနေတာပေါ့လေ"
"အင်းလေ အိမ်မှူးက ကိုဘုန်းမိုးနဲ့လက်ထပ်မယ်လို့ပဲ ထင်ခဲ့တာကို"
"ဖူးစာပေါ့အိမ်ကလေးရယ် အိမ်ပြန်ပြီး ခဲအိုလောင်းကို ကောင်းကောင်းမွန်မွန်နှုတ်ဆက် ရှပ်ပြာရှပ်ပြာနဲ့ လုပ်မနေနဲ့ဦးနော် သွားတော့"

ကိုကိုကို ခေါင်းငြိမ့်ပြပြီး အိမ်ပြန်ခဲ့တဲ့ သူမဟာ အစ်မဖြစ်သူကို တကယ်ပဲ နမြောမိပါသည်။ ခဲအိုကြီး ဘယ်လိုပုံစံမှန်း မသိခင်ကတည်းက အစ်မဖြစ်သူကို နမြောစိတ်နဲ့ အမြင်မကြည်ဖြစ်နေမိတာပါ။

အသားညိုညို အရပ်မြင့်မြင့်နဲ့ ရုပ်လဲသိပ်မချောတဲ့ ကိုတက်တိုးကို ခြေဆုံးခေါင်းဆုံးအကဲခတ်လိုက်ရင်း ကိုဘုန်းမိုးလို ဖြူဖြူသန့်သန့်ပုံစံမျိုးမဟုတ်တော့ စိတ်ပျက်သွားတာတော့ အမှန်ပင်။ မမသွန်းလို ဖြူဖြူသွယ်သွယ် ချောချောလေးက ထိုလူကြီးနဲ့ ဘယ်နေရာမှ မလိုက်ဖက်ဘူးလို့ ထင်မိသည်။ အိမ်မှူးတို့လို ဆယ်ကျော်သက်အရွယ်တွေက ရုပ်ရည်ကလွဲလို့ ဘာကိုမှ သိပ်ထည့်မတွက်တတ်တဲ့လူတွေဆိုတော့ မမသွန်းနဲ့ဒီလူကြီးကို သဘောမတူချင်မိပါ။

ဖေဖေတို့ကလဲ ကောင်းကောင်းမွန်မွန်လက်ခံ စကားပြောနေမှတော့ သဘောတူပုံရသည်။ အင်းလေ အရင်ကတည်းက မိဘတွေက သမီးကြီးပီပီ သွက်လက်ထက်မြက်တဲ့မမသွန်းကို အားကိုးပြီး အလေးထားခဲ့တာပဲ။  မမသွန်းရဲ့ရွေးချယ်မှုကိုလဲ လက်ခံယုံကြည်ကြမှာပါ။ သမီးအကြီးဆုံးကို ဦးစားပေးသလို မောင်လေးဝဿန်ကို အငယ်ဆုံးသားလေးတစ်ယောက်ထဲမို့ အလိုလိုက်ရတာနဲ့ ဘာလုပ်လုပ်ပြာယာခတ်နေတဲ့အိမ်မှူးကိုတော့ ဘယ်နေရာမှာမှ ထည့်တွက်ပုံမရ။

8️⃣ ချစ်၍ချစ်သော [ Lovely gentleman ]Where stories live. Discover now