အပိုင်း ( ၁ )

Start from the beginning
                                    

အိမ်မှူး ရှက်ပြီး တဟီးဟီးရယ်ကာ ငြိမ်နေလိုက်ရသည်။ စံပါယ်ပန်းခက်နဲ့ပန်းစည်းလုပ်ပေးဖို့ မမချစ်ဆီကို လွန်ခဲ့တဲ့တစ်ပါတ်လောက်ထဲက လာလာပြောနေခဲ့တော့ အလွတ်မရပဲနေပါ့မလား။
မမချစ်ထုပ်ပိုးပြီးသွားတဲ့ စံပါယ်ပန်းပန်းစည်းလေးဟာ ဘယ်လိုလှမှန်းမသိ။ ခရမ်းရောင်စက္ကူနဲ့ထုပ်ထားတဲ့ စံပါယ်ပန်း ဖြူဖြူလေးတွေဟာ အစိမ်းရောင်အရွက်ကြားမှ လန်းဆန်းလှပလျက်။ ဒီလိုပန်းခက်လတ်လတ်ဆတ်ဆတ်တွေရဖို့ မမချစ် အထူးတလည်အော်ဒါမှာထားရတာပါ။ သူ့ဆိုင်မှာ စံပါယ်ပန်းစည်းလာမှာတဲ့သူ တစ်ယောက်မှ မရှိဘူးလို့ အိမ်မှူးကို ပွစိပွစိပြောပေမယ့်လည်း လိုချင်တာကို ရအောင်လုပ်ပေးရှာပါသည်။

“မမချစ် သွားပြီနော်”

ပန်းစည်းကို စက်ဘီးခြင်းတောင်းထဲထည့်ပြီး ဒေါက်ဖြုတ်ကာ မမချစ်ကို အော်ပြီးနုတ်ဆက်လိုက်သည်။

“အေး… အိမ်ကလေးရေ စက်ဘီးကောင်းကောင်းစီးဦး”
“ဟုတ်”

မမချစ်ကို ဟုတ်လို့သာပြန်ပြောလိုက်ပေမယ့် စက်ဘီးကိုအရှိန်နဲ့စီးလာခဲ့မိသည်။ ကိုကိုဆီ အမြန်ဆုံးရောက်ချင်လှပါပြီ။ စက်ဘီးခြင်းထဲက ပန်းစည်းလေးကို ငုံ့ကြည့်ရင်း သူမအိမ်ရှိတဲ့လမ်းထဲ ချိုးကွေ့လိုက်စဉ်တွင် ကားတစ်စီးမောင်းလာတာ သတိထားမိလို့စက်ဘီးကို အမြန်ဘရိတ်အုပ်လိုက်ပေမယ့် လူရောစက်ဘီးပါလဲကျသွားခဲ့ပြီး တလမ်းလုံးယိမ်းလာတဲ့ ပန်းစည်းလေးကတော့ သူမနဲ့ခပ်လှမ်းလှမ်းကို လွင့်စင်ကျသွားလေသည်။

ကားနဲ့စက်ဘီး ဘရိတ်ကိုယ်စီနင်းလိုက်လို့မတိုက်မိပေမယ့် အိမ်မှူးကတော့ဆိုးဝါးစွာမြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ရသည်။ ပန်းစည်းကို အမြန်ဆုံးပြေးကောက်ချင်ပေမယ့် ဘယ်ဘက်တံတောင်ဆစ်နာသွားသောကြောင့် ကြည့်လိုက်ရာ ပွန်းပဲ့ကာ သွေးများပင်စို့နေလေသည်။ စိတ်ညစ်လိုက်တာ။ မေမေသိရင်ဆူတော့မှာပဲလို့တွေးပြီး ပန်းစည်းကို ပြန်ကြည့်လိုက်မိစဉ် သူမအလွန်မြတ်နိုးသောပန်းစည်းအား သေသေချာချာကြီးကို တက်နင်းကာ အနားရောက်လာတဲ့ ပြောင်လက်တောက်ပြောင်နေတဲ့ ရှုးဖိနပ် တစ်စုံ။

8️⃣ ချစ်၍ချစ်သော [ Lovely gentleman ]Where stories live. Discover now