Part2

272 40 0
                                    

ဒီနေ့မနက်တော့ ဒိုယောင်း ကျောင်းကိုစောစောမရောက်။စီးနေကျBusကားလွတ်သွားတာကြောင့် နောက်တစ်စီးစောင့်နေရ၍ သူကျောင်းရောက်တော့ အချိန်မီရုံလောက်။

အတန်းဝရောက်တော့ ဆရာမက နာမည်နဲ့နံပါတ်စဉ်တွဲမှတ်နေပြီမို့ မြန်မြန်ဝင်သွားလိုက်ရင်း ထိုင်ခုံမှာနေရာယူလိုက်သည်။

ဟယ်ချန်းကိုမေးငေါ့မေးကြည့်တော့ သူနာမည်စာရင်းပေးပြီးမှန်းပြောလာသည်။

"လိုက်မယ့်ထဲကနာမည်မပေးရသေးတဲ့သူတွေမတ်တပ်ရပ်ပါ"

သူမတ်တတ်ရပ်လိုက်ရင်း အတန်းကိုဝေ့ဝဲကြည့်မိတော့ မတ်တပ်ရပ်နေတာ သူရယ် သူ့ရှေ့နားလေးတင်အတန်းထဲဝင်သွားတဲ့ကောင်မလေးရယ် ထယ်ယုံးရယ်သာ...ဟင် ထယ်ယုံး? ထယ်ယုံးကို အတန်းလာရာလမ်းမှာမတွေ့မိ၍ စောစောရောက်နေတယ် သူထင်ထားခဲ့တာ။

ဒါပေမယ့်လည်း သူ့ထက် မဆိုစလောက်လေးစောလာပြီး နာမည်မပေးရသေးတာလို့သာ သူအလွယ်တွေးလိုက်ပြီး ထိုကိစ္စကို မေ့မေ့ဖျောက်ဖျောက်ထားဖြစ်လိုက်သည်။

မလိုက်မယ့်သူသုံးယောက်ကိုတော့ ဆရာမကစာလုပ်နေခိုင်းကာ အတန်းမှစထွက်ကြတော့ ဟယ်ချန်းက သူ့နားကပ်လာရင်း
"ဒိုယောင်းနား ငါလေ Markeuနဲ့ထိုင်မလို့"

"ဟွန်းဟွန်း ပြောကိုမပြောချင်ဘူးနော် အကွက်တွေကိုသိနေတယ်"

"သူငယ်ချင်းလေးကလည်းကွာ ဒီတစ်ခါလေးပဲကို ဟဲဟဲ စိတ်မဆိုးဘူးမလား"

"မဆိုးပါဘူးကွာ သွားသွား သူများဝင်ထိုင်နေဦးမယ်"

ဟယ်ချန်းက သူ့အားစပ်ဖြဲဖြဲလုပ်ပြကာ Markဘေးကထိုင်ခုံအလွတ်ဆီအပြေးသွားတော့ သူလည်း လူမလာလောက်သည့်ဘယ်ဘက်ခြမ်းနောက်ဆုံးထိုင်ခုံကိုသွားကာ နားကြပ်တပ်ပြီး မျက်လုံးတွေကိုမှိတ်ထားလိုက်သည်။မနေ့ညကတစ်ယောက်သောသူအကြောင်းကိုတွေးရင်း သူအအိပ်နောက်ကျခဲ့သည်လေ။

"ဒိုယောင်းနား ခြေထောက်နည်းနည်းလောက်ကြွပေးပါလား"

ဝေဝေဝါးဝါးအသံတစ်စုံကြားလိုက်ရတော့ သူ့ဘေး အတန်းဖော်တစ်ယောက်လာမှန်းရိပ်စားမိကာမျက်လုံးဖွင့်အကြည့် မြင်လိုက်ရသောသူကြောင့် သူသုံးစက္ကန့်လောက်အေးခဲသွားသလိုပင်။

Light Purple LilacWhere stories live. Discover now