Part1

706 40 0
                                    

"ဦးဦး Aliceကိုပုံပြင်ပြောပြ"

"ဟင် Aliceလေးကလဲ ခုနကမှဦးဦးတို့ကစားပြီးတာလေ နောက်နေ့မှပြောပြလို့မရဘူးလား"

"အာ...မရဘူး မရဘူး ပြောပြရမယ် ခုပြောပြ မပြောပြရင် Alice ဦးဦးကိုမခေါ်တော့ဘူးနော်"

"အမလေး မမလေးရယ် စိတ်တော့မကောက်လိုက်ပါနဲ့ဗျာ ပြောပြပါ့မယ်နော် ကဲပြော ဒီတစ်ခါရောဘယ်ပန်းလေးအကြောင်းလဲ"

ဦးလေးဖြစ်သူကအလိုတလိုက်မေးလာတော့ ဆယ်နှစ်သမီးလေးAliceဟာ သူမ သိတဲ့ပန်းအမျိုးအစားတွေထဲ ဘယ်ပန်းအကြောင်းပြောဖို့ကျန်နေသေးလဲ တစ်ချက်စဉ်းစားသလိုလေးလုပ်လိုက်သည်။သူမရဲ့ဦးလေးဟာ စိတ်ထားနူးညံ့ပြီးပန်းတွေကိုချစ်တတ်သူပီပီ အဓိပ္ပာယ်တွေကိုပါလေ့လာထားသူ အဲ့ကတစ်ဆင့် သူမအား ပုံပြင်လှလှလေးတွေစီကုံးပြောပြတတ်သူဖြစ်သည်။

"အာ သိပြီ Lilac ဟိုတစ်ခေါက် Kateကျောင်းကိုယူလာတဲ့ပန်းလေး အဲ့အကြောင်းပြောပြ ဦးဦး"

"....."

"ဦးဦး ဦးဦး ဘာဖြစ်သွားတာလဲ Aliceကို Lilacအကြောင်းပြောပြလို့"

"ဟင် ဟင် အာ Sorry Aliceရယ် ဦးဦးအတွေးလွန်သွားလို့ အင်း...Lilac
Lilacကအရောင်တွေအများကြီးရှိတယ် Aliceလေးရဲ့ အရောင်ပေါ်လိုက်ပြီးအဓိပ္ပာယ်တွေလည်းကွာကြတယ် Aliceလေးကဘယ်အရောင်ကိုမြင်ဖူးတာလဲ"

"ခရမ်းရောင် ဦးဦး Kateယူလာတာခရမ်းနုရောင်လေး"

"ခရမ်းနုရောင်Lilacပေါ့ ဦးဦးရဲ့Aliceလေးကအရွေးတော်သားပဲ"

"ဟင် ခရမ်းရောင်ကဘာဖြစ်လို့လဲဟင်"

"Aliceလေး ပုံပြင်အဆုံးထိနားထောင်ပြီးသွားရင်သဘောပေါက်သွားလိမ့်မယ်"

"အာ့ဆို ဦးဦးစပြောတော့ မြန်မြန် မြန်မြန်..."

"အင်းပါ အင်းပါ မမလေးရဲ့ ပုံပြင်လေးက ဒီလိုစတယ်...

***

နားကြပ်အဖြူရောင်လေးကိုနားတစ်ဖက်စီမှာတပ်ထားတဲ့ အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးကောင်လေးတစ်ယောက်ဟာ Seoul High Schoolထဲကို တဖြည်းဖြည်းဝင်ရောက်လာသည်။ဆင်တူကျောင်းဝတ်စုံကိုသာဝတ်ဆင်ထားသော်လည်း အဲ့ဒီကောင်လေးကိုယ်ပေါ်တွင်တော့ ကျောင်းဝတ်စုံဟာ တမူထူးခြားစွာသန့်လွင်နေသယောင်။မင်းသားရှုံးလောက်အောင်လှပတဲ့ မေးရိုးချွန်ချွန်လေးတွေကြောင့်လား ဖြူဖြူဥဥအသားအရည်ကြောင့်လားတော့သေချာမသိပေမဲ့ မိန်းကလေးတွေကြားတွင်တော့ ထိုကောင်လေးဟာ အမှန်တကယ်ရေပန်းစားသည်။High Schoolပထမနှစ်ကတည်းက ချစ်ရေးဆိုလာကြသူတွေ မရေတွက်နိုင်အောင်များပြားပေမဲ့လည်း ဘယ်သူတစ်ဦးတစ်ယောက်ကိုမှတော့ လက်ခံခဲ့ခြင်းမရှိခဲ့။

Light Purple Lilacحيث تعيش القصص. اكتشف الآن