Amie အပြောကြောင့် Kanzoလည်း ခေါင်းငြိမ့်လေတယ်။

"ဒါဆို ကျွန်တော်နဲ့  အစ်မAmie က လမ်းလွဲပေးမယ်   အစ်ကိုက Miyaကို ခေါ်ပြီး ဒီကအရင်ထွက်  "

"မဖြစ်ဘူး  Zane မင်းတို့ နှစ်ယောက်တည်း အန္တရာယ်များလွန်းတယ်"

"ဖြစ်တယ်  Kanzo ငါ့တို့တွက် စိတ်မပူနဲ့    မင်းနဲ့ Miyaသာ ဒီက မြန်မြန်ထွက်နိုင်ဖို့ ကြိုးစား "

Amieက သေနပ်ကို ကိုင်ရင်း ပြောလာလေတယိ။
ထို့ နောက်  Zane ရန်သူ သိပ်မရှိတဲ့ ဘက်ကို Kanzoတို့ ကို ပြေးစေကာ  ရန်သူတွေကို များဖို့  Amieနဲ့  Zane ထွက်လာခဲ့လေတယ်။

******

Draven တစ်ယောက်  သူ့စခန်းကို Zaneတို့ လာဖောက်တာ သိသော်လည်း  သူလှုပ်လှုပ်မျှ မလုပ်နိုင်သေး။သူ သိရတဲ့ အကြောင်းအရာကြောင့် ဝမ်းသာနေရသလို

"ဒီဓာတ်ပုံထဲက လူက သခင်လေး ဖြစ်နိုင်ပါတယ် boss"

လူယုံ ပေးလာတဲ့ ဓာတ်ပုံကို ကြည့်ရင်း Draven မျက်ရည်တွေဝဲကာ  ဝမ်းသာမိတယ်။ သူ့ တူဟာ  ကောင်းမွန်စွာ  ကြီးပြင်းလာတာမလား။

"ငါ့ကို အဲ့လင်မယားနဲ့ တွေ့ ရအောင် စီစဉ်ပေး  ခုချက်ချင်း ငါ့တူကို သွားခေါ်မယ်"

"ကောင်းပါပြီ"

Kanzoနဲ့ Miyaဟာ လွတ်မြောက်သွားပြီး အန္တရာယ် သိပ်မရှိတော့ချေ။  အဆောက်အဦးထဲတွင်  သေနပ်သံများ ဆူညံ့နေလေတယ်။များလွန်းလှတဲ့ရန်သူတွေကို Amieနဲ့  Zane ယှဉ်ဆိုင်နေရလေတယ်။

ဒိုင်းဒိုင်း  ဒိုင်း ဒိုင်း  ဒိုင်း………

Zane ရော Amieပါ  ကျည်မရှိကြတော့ပေ။ ဓားကိုယ်စီ နဲ့  အနီးနားက ရန်သူ့ လည်ကို လျင်မြန်စွာ လှီးဖြတ်လိုက်ပြီး  ရလာတဲ့သေနပ်နဲ့   Zane  ရန်သူတွေ ခေါင်းမထောင်နိုင်အောင် ပစ်ရင်း

"အစ်မ Amie ထွက်တော့ ဒီတစ်ခါပဲ  အခွင့်အရေးရှိတယ်"

"တူတူထွက်မယ်"

Amieကို ကာပစ်ပေးရင်း Zaneရော အပြင် ထွက်လာလေတယ်။ သို့ သော်   ကျည်ကုန်သွားချိန် တစ်ဖက် ဝိုင်းပစ်တာကြောင့် AmieရောZaneပါ  လျင်မြန်စွာ ရှောင်ကြရလေတယ်။

Meeting   Ultimate  Gods  System(completed)Where stories live. Discover now