“ ဟက်.. အခုတော့ ခင်ဗျားမိဘဖြစ်သွားပြန်ပြီလား.. အေးလေ.. အစကတည်းက ခင်ဗျားမိဘတွေပဲ..”
လူ ၄ ယောက်ရှိတဲ့အထဲမှာမှ.. သူဟာ အပြင်က။ ဘယ်တုန်းကမှ သူတို့နဲ့ မသက်ဆိုင်ခဲ့.. ဘယ်တုန်းကမှ သူတို့ဘဝထဲမှာ နေရာမရှိခဲ့။ မွေးထုတ်ထားတဲ့အမေနဲ့ သွေးသားရင်းအဖေကတောင် ပစ်ခဲ့တဲ့ကောင်ပဲ။ ဒီလိုသူစိမ်းတွေက သူ့ကို မိသားစုလု့ိ မသတ်မှတ်ထားတာ မဆန်းဘူး။
အရင်ကလည်း မထူးဆန်းခဲ့ဘူး.. ဒီနေ့လည်း မထူးဆန်းဘူး.. နောင် ဘယ်တော့မှ ထူးဆန်းလာမှာမဟုတ်တဲ့ နိယာမတခု။
“ ဒါပေမယ်.. ဘာလို့လဲ.. ဘာဖြစ်လို့ ခင်ဗျားတို့တတွေ အဲ့လောက်အောက်တန်းကျရတာလဲ.. ကျွန်တော့်ကို ခေါ်ပြီး မွေးစားပေးပါလို့ တောင်းဆိုခယခဲ့ဖူးသလား.. ခင်ဗျားတို့လုပ်တာ မှန်သလား.. ဒီကောင် မိဘမဲ့ပဲ.. ငါတို့ခေါ်သွားမယ် ထားချင်သလိုထားမယ်.. ငါတို့ဆီ ရောက်တာကိုပဲ ကျေးဇူးတင်.. အဲ့လိုလား.. ပြော.. ခင်ဗျားတို့ ပြော..”
ထိန်းမနိုင်တဲ့ ဒေါသတွေနဲ့အတူ သူ ငယ်သံပါအောင် အော်ဟစ်မေးမြန်းလိုက်မိရင်း ဘယ်သူ့ဆီကမှ အဖြေကိုလည်း မကြားချင်နေဘူး။
ဘာအသံမှမထွက်ပဲ ဒီအတိုင်းလေး ငြိမ်ငြိမ်လေးနေကြ.. ခဏနေ သူ ထွက်သွားလိုက်မယ်။ ဒါဆို ရပြီ။ အရင်လို သူ နာကျင်ရသမျှတွေကို တယောက်ယောက်ဆီမှာ ပုံချလိုက်မယ်။ အရင်လို သူ မုန်းတီးရသမျှတွေကို တခုခုဆီမှာ ပေါက်ကွဲလိုက်မယ်။
ဒီလိုနည်းလမ်းနဲ့ အဆင်ပြေတာမို့ ဘာဖြေရှင်းချက်မှ မပေးလာကြစမ်းပါနဲ့..
“ ကိုး.. အကိုလေ..”
သူ့လက်ဖဝါးက အကို့ပါးပြင်ဆီ အရှိန်နဲ့ပြေးဝင်သွားပြီး ဖြန်းခနဲ။ လက်သီးနဲ့ထိုးလိုက်တာ မဟုတ်တာတောင် လည်ထွက်ကာ လဲကျသွားတဲ့အထိ အကိုက ပျော့လိုက်တာ။
ဒေါ်ခင်အေးကတော့ ကမ္ဘာပျက်မတတ်ပင်..
“ အမလေး.. ငါ့သားလေး.. နင်.. ထွက်သွား.. အခုချက်ချင်း ငါ့အိမ်ထဲက ထွက်သွား..”
“ ခင်ဗျားတို့ပဲ ဒီအိမ်ထဲ ခေါ်လာတာလေ.. ဒီကကောင်ကို ခင်ဗျားတို့ပဲ မွေးစားထားတာလေ.. မေ့နေပြီလား..”
10 (U)
Start from the beginning