"အဲ့တော့အဲ့မိန်းမကို အိမ်ပေါ်ခေါ်တင်ပြီးတင်
ကျွေးထားရမယ်ပေါ့ အဓိပ္ပါယ်မရှိတာ...အဲ့ဆ
ရာဝန်ဘယ်မှာလဲ...စောက်ရောဂါကျမကူးပေးနိင်ဘဲ...မဟုတ်တဲ့စကားတွေထွက်တယ်
တစ်သက်လုံးဆေးမကုနိင်အောင်လုပ်ပြမယ်
အဲ့မိန်းမကိုပါဆွဲချပစ်မယ်အိမ်က..တောက်.."

"ခမ်း...ခမ်း...မလုပ်နဲ့.."

ဒေါသတကြီးဖြင့်ပြေးဆင်းသွားသောခမ်းရဲ့
နောက်သို့...ဒေါ်သီတာခိုင်အော်ဟစ်ရင်းအပြေးလိုက်ရလေသည်...ခမ်းရဲ့ဒေါသကိုသူအသိဆုံးမဟုတ်လား...။

ငယ်ငယ်တည်းကသူပိုင်တဲ့အရုပ်ကိုတောင်သူ
များထိရင်တောင်မကြိုက်..အဘွားဖြစ်တဲ့သူ
တောင်ကိုင်တွယ်တာမျိုးမကြိုက်ပေ...သူစကားနားမထောင်ဘဲလုပ်မိရင်လည်းအဲ့လူသွေးထွက်သွားမှကြိုက်တဲ့လူမျိုး...

"ဝုန်း.."

အခန်းတံခါးကိုခြေထောက်ဖြင့်ကန်ဖွင့်လိုက်
သည့်အချိန်ကြောင့် သွန်းနဒီလန့်ဖြန့်သွားလေ
သည်...လူမမာယောင်ဟန်ဆောင်မည်ဟုစိတ်
ကူးထားသည့်မာယာတွေတောင်ကြောက်သေးပန်းမတတ်ပင်...ဘေးနားကဆရာဝန်ဆို
ကြောက်လို့ဒူးတုန်နေလေသည်...အမှန်ဆိုအဲ့ဆရာဝန်ကလည်း သွန်းနဲ့ဘွားတို့ရဲ့အစိအစဥ်
မှာ လက်ဝါးရိုက်ထားသည့်သူဘဲဖြစ်လေ
သည်...။

"ခွပ်..မင်းလားဆရာဝန်..မဟုတ်တဲ့စကားတွေ
ပြောဦးမလား...ပြောဦးမလား...မင်းဆေးကုမနေနဲ့....ခွေးကောင်..ခွပ်..ဒုန်း..သေစမ်း.."

ဆရာဝန်ဖြစ်သူမှာလည်း ခမ်းရဲ့ကန်ကျောက်
မူကိုလှိမ့်ခံနေရလေသည်...လှိမ့်မခံလို့လည်းမရချေ...ခမ်းရဲ့5​ေပ9လက်မအရပ်နဲ့ ကျယ်ပြန့်
တဲ့ရင်အုပ်တွေရဲ့ကြား တောင့်ဖြောင့်တဲ့ကိုယ်
နေဟန်ထားက Sugar Daddyလိုဆိုဒ်မျိုးမ
ဟုတ်လား..အားချင်းမယှဥ်ပြိုင်နိင်ပေ...။

"နင်ကောဘဲခွေးမ...လာခဲ့...အခုငါ့အိမ်ကထွက်သွား...အောက်တန်းကျတဲ့မိန်းမ..."

သွန်းနဒီရဲ့ဂုတ်ကို မဆွဲပြီးကုတင်ပေါ်ကဆွဲချ
ပြီးဆွဲခေါ်မည်ပြုသော်အခါ...သွန်းနဒီက ကုတင်တိုင်ကိုဖက်တွယ်ထားလေသည်..

"ဟင့်အင်းမသွားဘူး...သွန်းဒီမှာဘဲနေမှာ..
မထွက်သွားနိင်ဘူး..."

ကကြိုးရုပ်[ Complete ]Where stories live. Discover now