"ဟင်"

"ကိုင်ထားချင်လား "

"အင်း ဒါပေမဲ့ဖြစ်ပါ့မလား "

"ကိုယ်ကကျွမ်းပါတယ်လက်တစ်ဖက်နဲ့အေးဆေး​မောင်းတက်တယ်"

နှစ်ယောက်သား သဘောကျကာ ရီလိုက်ကျရင်း

ကြည်နူးမှုလေပြေလေးနဲ့အတူ ကားလေးထက်ဝယ်

တဖြည်းဖြည်းနဲ့မောင်းလာတာ မြို့ထဲတောင်ရောက်လာပြီ

သွားချင်နေတဲ့centerကိုရောက်လာတော့ကားပါ
ကင်မှာကားလေးကိုရပ်ထားခဲ့ရင်း ကားပေါ်ကဆင်းတော့

လက်ကမ်းပေးလာတဲ့အစ်ကို့ကြောင့် ထပ်ပြီးအံ့ဩရပြန်တယ်

ဒီလိုpublic areaတွေမှာဆို ကျွန်တော်တို့ဆက်ဆံရေးကိုသူဖော်မပြရဲဘူးလို့ထင်ထားတာ ထင်ထားတာတဲ့ လွဲနေတာကြောင့် အဲ့လိုတွေးမိတဲ့ ကိုယ့်ကိုကိုယ်သာ အပြစ်တင်မိတော့တယ်

ကျေနပ်စွာနဲ့ကမ်းလာတဲ့လက်ကို ကိုင်လိုက်ရင်း
Center ထဲသို့ဝင်သွားကာ

"အစ်ကို ကျွန်တော်တို့couple thing ဝယ်မယ်ပြောထားတယ်လေ မှတ်မိလား "

"မှတ်မိတာပေါ့ ဘာလေးလိုချင်လဲ "

"အင်း လက်စွပ်ဆိုရင်ကော"

"မဆိုးဘူး "

စကားတစ်ပြောပြောနဲ့ center ကိုပတ်ကာ မျက်စိကျမဲ့
ဆိုင်ကိုလိုက်ရွေးရင်း

At Tiffany's Shop

"အရမ်းစျေးကြီးမဲ့ပုံဘဲနော်"
Tae Hyungကစကားက်ိုဆိုမိလိုက်တော့

"အစ်ကိုရယ် စျေးစကားနဲ့ပက်သတ်တာပြောဖို့လိုသေးလို့လား ကျွန်တော်ရှိတာကို"

"အင်းပါ"

ဆိုင်ထဲဝင်သွားလိုက်ပြီး Jeonက

"engagement ring လေးတွေပြပါလား"

Engagement ဆိုတာကြောင့် Tae Hyung တစ်ယောက်အူကြောင်ကြောင်ဖြစ်ရပြန်တယ်

ဆိုင်ထဲမှဝန်ထမ်းအမျိုးသမီးက

"ဟုတ်ကဲ့ အမျိုးသမီးရဲ့ လက်ဆိုဒ်လေးကိုသိလားရှင့်"

ဟုတ်ပါတယ် စိတ်ဆိုးစရာတော့မလိုပါဘူး ဒါသူတို့
ပုံမှန်မေးရမယ့်မေးခွန်းတွေဘဲကို

Sugar Baby[Completed]Where stories live. Discover now