{Unicode}
ပိတ်ရက်နှစ်ရက်လုံးကို အိမ်တော်ကြီးထဲသာ နှစ်ယောက်သားအချိန်ကုန်ခဲ့ကြသည် ကျောင်းတက်ဖို့နေ့ရောက်လာတော့
"ဒီနေ့ ကျောင်းသွားရမှာဘဲနော်"
"အင်း မှီပါတယ် ကားမောင်းတာက သိပ်မှမကြာဘဲကို"
"အင်းပါ အင်းပါ"
စကားတစ်ပြောပြောနဲ့ ခါးကိုလာဖက်ရင်း ချွဲလာတဲ့Jeonကြောင့်"လာ ချွဲနေပြန်ပြီ မြန်မြန်ရေချိုး ကျောင်းအကျီလဲ ပြီးရင်သွားရတော့မှာကို"
"အင်းပါ ခဏလေးနော် ဖက်ထားချင်လို့"
ဒီလူဆိုးလေးကြောင့် မဖက်နဲ့လို့လည်း မငြင်းရက်နိုင်တဲ့အဆုံး ခါးလေးကိုဖက်ထားတဲ့အတိုင်းသာ မတ်တပ်ရပ်ပေးနေရသည်
"ကဲ ရပြီနော် လိမ္မာတယ် ကိုကို့ကောင်လေးက"
နှုတ်ခမ်းလေးကိုဖိနမ်းလိုက်ရင်း ပြောလာတဲ့စကားကြောင့်
"ကိုကိုတဲ့ "
ဘာရယ်မဟုတ် ရီမိသွားတော့
"ဟမ် မကြိုက်ဘူးလား အဲ့တာဆိုလည်း မပြောဘူးကွာ"
"မဟုတ်တာ ကြိုက်တာပေါ့ အစ်ကိုကလည်း"
"အစ်ကို အစ်ကိုနဲ့ နားထောင်ရတာ ခါးလိုက်တာ"
မျက်မှောင်ကျုံ့ရင်းပြောလာတဲ့စကားကြောင့်
"အာ့ဆိုဘယ်လိုခေါ်ရမှာလဲ "
"ကိုကိုလို့ခေါ်လေ ဒါမှမဟုတ် အချစ်လို့ခေါ်မလား
ယောက်ကျားရော "Taeပြောစကားကြောင့် ဟက်ဟက်ပက်ပက်ကိုရီမိ
သည်"အာ သွားပါ အကျီလဲ မြန်မြန်လဲတော့ ကျောင်းနောက်ကျမယ်"
"မေးထားတာမဖြေရသေးဘူးနော် ပြီးရင်တော့ပြောရမယ် ဒါဘဲ "
ပြောချင်တာတွေပြောကာ အကျီလဲနေတဲ့အစ်ကိုပေါက်စကိုကြည့်ကာ အချစ်တွေတိုးရပြန်တယ်
စံအိမ်ကြီးကမြို့ပြင်မှာမို့ မြို့ထဲကကျောင်းကိုရောက်ဖို့အ ချိန်တော့ပေးရသည်။
ကျောင်းကိုသူတိူ့ရောက်သွားတဲ့အချိန် ကျောင်းမတက်သေးပေ ကားကိုကျောင်းဝင်းထဲမှကားထားရာနေရာတွင်ရပ်လိုက်ပြီး နှစ်ယောက်သား ကျောင်းဝင်းထဲသို့ဝင်လာတော့တီးတိုးပြောနေကြတဲ့ စကားသံတွေ
YOU ARE READING
Sugar Baby[Completed]
Romance# You Are My Sugar Baby #JJK X KTH Male pregnancy 🍓 #TaeKook #🐯🐰 Completed-4.12.2021