{Unicode}
ဘာလ်ိုလိုနဲ့ကျောင်းတွေတောင်ပိတ်ပြီ
Yoonjiထွက်သွားပြီးထဲက Tae Hyungရဲ့အိမ်မှာသာJeonနေဖြစ်တော့တယ်"မောင်"
"ပြောလေ ချစ်ဆုံး"
"ထယ်တို့ မေမေတို့ဆီသွားလည်ကြမလား "
"ချစ်ဆုံးသဘောလေ "
"ကျောင်းလည်းပိတ်ပြီဆိုတော့ အိမ်ပြန်ချင်တယ် မောင့်ကိုလည်းမေမေတို့နဲ့မိတ်ဆက်ပေးရအုန်းမယ်လေ"
"ဟုတ်ပါပြီ ဘယ်နေ့လောက်သွားမလဲ"
"ဒီနေ့လိုအပ်တာတွေသွားဝယ်ရအောင် မေမေတို့ကိုလက်ဆောင်လည်းဝယ်သွားပေးရမယ်လေ လက်ဗလာနဲ့ဆိုမကောင်းဘူးလေ သွားတာကမနက်ဖြန်မှသွားမယ်"
"အင်းပါ ချစ်ဆုံးရဲ့မေမေတို့နဲ့တွေ့ရမှာဆိုတော့ရင်ခုန်တယ်"
"ငယ်ငယ်ကလည်းတွေ့ဖူးတာဘဲကိုမောင်ကလည်း"
"အခုကမတူဘူးလေ ချစ်ဆုံးရဲ့ချစ်သူအဖြစ်နဲ့သွားတွေ့ရမှာလေ "
စကားတက်လွန်းတဲ့Jeonကိုအသဲယားလာတာကြောင့်
နားရွက်လေးကိုဖွဖွလေးကိုက်မိတော့
"ချစ်ဆုံး""ဘာတုန်း"
"မောင့်ကိုလာဆွနေပြန်ပြီလား"
"ဟာ မဟုတ်ဘူးလေ"
လက်သီးဆုပ်သေးသေးလေးတွေနဲ့ရင်ဘတ်ကိုလာထုပြန်တယ်
"စတာပါ မနက်ဖြန် မေမေတို့ဆီသွားရမှာဆိုတော့မောင့်ရဲ့ချစ်ဆုံးလမ်းမလျှောက်နိုင်ဘဲဖြစ်မှာစိုးလို့ ဒီနေ့တော့လွှတ်ပေးလိုက်မယ်"
"မောင်ဟာလေ "
"ချစ်လို့ပါ အဲ့နေ့ကအရမ်းပျော်တယ်သိလား"
"ဟာ တော်တော့လို့ ဘာတွေလာပြောနေတာလဲ သွားပြီသွားပြီ"
မီးဖိုချောင်သို့ပြေးသွားတဲ့Tae Hyungအနောက်ကိုJeonကပြေးလိုက်ရင်း ဒီနေ့လည်း အိမ်လေးဟာ ကြည်နူးမှုတွေနဲ့ပြည့်နေခဲ့ပြန်တယ်
အိမ်ပြန်မှာမို့လို့ ကျောင်းလည်းပိတ်သွားပြီဖြစ်တာကြောင့်နှစ်လလောက်နေဖို့စဉ်းစားလိုက်တယ် လိုအပ်တာတွေလည်းဝယ်ပြီးတာကြောင့် သွားဖို့ကအဆင်သင့်ဖြစ်နေပြီ
YOU ARE READING
Sugar Baby[Completed]
Romance# You Are My Sugar Baby #JJK X KTH Male pregnancy 🍓 #TaeKook #🐯🐰 Completed-4.12.2021