တက်ကြွနေသောခြေလှမ်းတွေဖြင့် အိမ်ရှေ့စံ
နန်းဆောင်သို့သွားနေသော ကိုကိုထယ်ယောင်းအနောက် ဆော့ဂျင် ဆူပုတ်ပုတ်လေးနဲ့လိုက်လာမိသည်။"ဂျင်လေး ဘာလို့အနောက်မှာနေခဲ့ရ
တာလဲ ?"အခုမှသူကိုလှည့်ကြည့်လာခဲ့တဲ့ ကိုကိုထယ်ကို မကျေမနပ်ဖြစ်မိတာမို့ မျက်စောင်းလေးထိုးကာ။
"ကိုကိုထယ်က အမြန် အမြန်လျှောက်နေတာလေ ၊ ကျတော်ကပုံမှန်အတိုင်းပဲ လျှောက်လာနေတာပဲကို!!
"မုန့်ဈေးတန်းသွားဖို့နောက်ကျသွားမှာမို့ပါ
ဂျင်လေးရဲ့ ၊ မှောင်သွားရင် လျှောက်ကြည့်ဖို့မကောင်းတော့ဘူးလေနော်!!!"""ဟွန့်!!'
အလောသုံးဆယ်ဖြစ်နေသော ကိုကိုထယ်ယောင်းကို ဘာမှထပ်မပြောမိတော့ဘဲ အနောက်ကသာ ထပ်ခြပ်မကွာလိုက်လာ
မိတုန်း ၊ နန်းဆောင်ထဲမှ ထွက်လာတဲ့ အိမ်ရှေ့စံကို တွေ့လိုက်ရလို ဆော့ဂျင်ခြေလှမ်းတွေရပ်သွားတော့သည်။"ဟာ့ ဒီအရူး ဘာလို့
အပြင်ထွက်လာရတာလဲ!!"ခြေလှမ်းအနောက်ဆုပ်မိကာ ကြွေပန်းအိုးအကြီးကြီးရဲ့နောက်မှာ ကွယ်ပုန်းလိုက်မိသည်။ ဒါကို ကိုကိုထယ်ယောင်းက လှည့်ကြည့်လာတော့ လက်ညိုးကောက်ကောက်လေးကို နှုတ်ခမ်းဖူးဖူးလေးမှာ
ကပ်ပြလာရင်းရူးတိုးတိုးလုပ်ပြမိတော့
ကိုကိုထယ်က နားမလည်သည့်ဟန်လေးဖြင့်ကြည့်လာပြန်သည်။"ကိုယ်ရံတော်ကင်မ်!! ဒီမှာဘာလုပ်နေတာလဲ?"
"အိမ်ရှေ့စံ !!"
ထယ်ယောင်း အိမ်ရှေ့စံကို နှုတ်ဆက်
ေနမိတုန်း
အိမ်ရှေ့စံအနောက်ကပ်ပါလာတဲ့ ဂျီဂျီလေးကိုတွေ့လိုက်ရလို မျက်လုံးလေးအရောင်လက်သွားမိသည်။
ဒါကို သတိထားမိသွားပုံရတဲ့ အိမ်ရှေ့စံက။"ဒီကောင်လေးနဲ့ ကိုယ်ရံတော်ကင်မ်ကသိနေတာလား?"
"ဟုတ်ကဲ့ သိပါတယ် အိမ်ရှေ့စံ!!
ပတ်ဂျီမင်းက ဆော့ဂျင်ရဲ့သူငယ်ချင်းအဖြစ်နဲ့သိပြီး ခင်မင်ခဲ့ကြတာပါ ၊
ဂျီမင်းရဲ့မိသားစုတွေက ပန်းပံ့နဲ့ သစ်သီးတွေ စိုက်ပျိုးသူတွေပါ ၊
နန်းတော်ရဲ့ ပွဲတော်တွေမှာ အသုံးပြုတဲ့
ပန်းပံ့တချို့တွေကို ဂျီမင်းတို့ရဲ့ စိုက်ခင်းတွေက ခူးယူအသုံးပြုခဲ့ရတဲ့အချိန်အခါတွေလဲရှိခဲ့ပါတယ်"
ŞİMDİ OKUDUĞUN
Love pills 💊 ☑️ Completed
Hayran Kurgu"ဘဝင်ရူးအိမ်ရှေ့စံကို ကျတော်တစက်မှကြည့်လိုမရတာကိုကိုထယ်ယောင်း သိတယ်မလား "