ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ကျန်းရိရှင်းရဲ့ဖိုင်ကို ဖွင့်ကြည့်လိုက်တယ်။ဆေးစစ်ချက်မှတ်တမ်းတွေဖြစ်တယ်။

"ဘာလဲ ဒါက"

"မင်းယောကျာ်း ရဲ့ဟာတွေ"

"ဘာ!"

"အေး ဟုတ်တယ် အဲ့ကောင်လေး မင်းယောကျာ်း ငါ့ဆေးခန်းလာပြတာ အစကတော့ မင်းယောကျာ်းမှန်းမသိဘူး။ငါတို့အတူ မင်းမင်္ဂလာဆောင်မှာရိုက်ထားတဲ့ပုံတွေ့မှ မင်းယောကျာ်းဆိုတာသိတာ သူဆေးခန်းလာပြတာ မင်းမလိုက်လာလို့ အိမ်ထိငါလာပြောတာဟေ့"

ချန်းယောလ်က မျက်မှောင်တွေတွန့်ချိုးရင်း စဉ်းစားတယ်။
ဝူရိဖန်ရဲ့စကားတွေကလည်း သူ့နားထဲပြန်ကြားယောင်လာသည်။ယောကျာ်းလေးကိုယ်ဝန်ဆောင်...။ဘတ်ဟျွန်းမှာ ကိုယ်ဝန်ရှိနေတယ်။

မဟုတ်မမှန်လို့ သွားပြောရအောင်လည်း လက်တွေ့ဆေးစစ်ချက် အဖြေတွေက မျက်စိရှေ့မှာ ထင်းနေတယ်။ကိုယ်ဝန်ရှိနေတယ်ဆို ဘာလို့ ဘတ်ဟျွန်းက မပြောရတာလဲ။

သူ့သူငယ်ချင်းဆရာဝန်လာပြောမှ သိရတဲ့ သူက ဘယ်လောက်တောင်ရှက်စရာကောင်းလိုက်သလဲ။ပတ်မျိုးရိုးရဲ့ အနာဂတ်ဆက်ခံသူကို ပုန်းလျှိလျှိုနဲ့ ထားချင်တာလား။

တစ်ပြိုင်နက်ထဲ အိမ်မက်အကြောင်းကိုပါ ခပ်ဆတ်ဆတ် တွေးမိသွားသေးသည်။စိတ်ထဲ ဒေါသထွက်မှုကြားထဲမှာမှ ပျော်ရွှင်မှုသေးသေးလေးက 1%လောက်ပါလာခဲ့သေး။

"ဟေ့ကောင် မင်းယောကျာ်းကိစ္စ မင်းမသိဘူးလား"

ချန်းယောလ်နားထင်ကို လက်နဲ့ဖိရင်း ရိရှင်းကို စူးစိုက်စွာကြည့်လိုက်တယ်။ရိရှင်းက သူအခြေအနေမမှန်တော့တာသိတော့ တံတွေးကို ဂလုကနဲ နေအောင်မြိုချလိုက်တယ်။

"ငါ အလုပ်ကိစ္စရှိလို့ သွားပြီဟျောင့်"

ရိရှင်းက ချန်းယောလ်အခန်းထဲကနေ အမြန်လစ်ထွက်သွားတယ်။တစ်ယောက်တည်း အတွေးကမ္ဘာထဲ ယောင်လည်နေတဲ့ ချန်းယောလ်က ဘေးနားက ဖုန်းကိုယူကာ နံပါတ်တစ်ခုကိုခေါ်ဆိုလိုက်တယ်။

"Fei ဘတ်ဟျွန်းရဲ့အခုလက်ရှိတည်နေရာကိုရှာလိုက်"

ချန်းယောလ်ဘေးနားကစားပွဲပေါ် ဖုန်းကိုပစ်တင်ရင်း ရှေ့ကဖိုင်ဆီကို အကြည့်ရောက်မိပြန်သည်။ကိုယ်ဝန်၁လကျော်။
၁လလုံးလုံး သူဘာမှမသိခဲ့ရတာလား။
ဒါက အဖေတစ်ယောက်အနေနဲ့ ကိုယ့် သွေးသားကိုတောင် မသိရတာ ဘယ်လောက် ဒေါသထွက်ဖို့ကောင်းသလဲ။

𝐃𝐄𝐌𝐎𝐋𝐈𝐓𝐈𝐎𝐍[COMPLETED]Where stories live. Discover now