အပိုင်း - ၁၀

Start from the beginning
                                    

အရီးက အရိပ်အပြောကြောင့်ရယ်လိုက်၍။

" ငါ့တို့ကိုတစ်ထောင်ဖိုး‌ချိန်ပေး "

အရီးကငါးဝယ်ပြီးတော့ တခြားလိုအပ်တဲ့အသီးရွက်များဝယ်နေတော့ အရိပ်ဘေးကနေကူသယ်ပေးလိုက်သည်။

" အရိပ် ဟိုအထည်ဆိုင်မှာ အရိပ်တို့လိုအပ်သာသွားဝယ်ကြရအောင် "

" ဟုတ်ကဲ့ အရီး "

အထည်ဆိုင်ဆိုပေမဲ့ ကုန်ခြောက်ပစ္စည်းတွေနဲ့ပါရောတင်ရောင်းတဲ့အိမ်ဆိုင်လေးဖြစ်သည်။

" ဟေ့ ရွှေခင် ငါ့တို့ကိုယောကျ်ားလေးပုဆိုးနဲ့အင်္ကျီတွေပြစမ်းပါဦး "

" လာပြီ လာပြီ အရီးရေ ဆွမ်းတော်လေးကပ်နေလို့ "

အိမ်ထဲကနေပခုံးပေါ်မှာတဘက်အညိုလေးတင်၍ ထွက်လာတဲ့အန်တီကြီးတစ်ဦးကအရိပ်ကိုမြင်တော့ပြုံးပြလာသည်။

" အရီးတူလေးလား "

အရိပ် ပြုံးလိုက်၍။

" ဟုတ်ကဲ့ဗျာ "

ထိုအန်တီလည်းပြန်ပြုံးပြလာပြီး ဘာမှဆက်မမေးတော့ပဲ ဦးကျမ်းပုဆိုးနဲ့ယွန်းရွှေရည်ပုဆိုးနှစ်မျိုးကိုထုတ်ပြလာသည်။

" လောလောဆယ်တော့ ဒါပဲရှိထားသေးတယ် အကြမ်းထည့်ပုဆိုးဈေးပေါတာကကုန်နေသေးတယ် မြို့မသွားရသေးလို့ "

" ရတယ် ဒီထဲကပဲယူလိုက်မယ် "

အရိပ် ရိုးအတွက်နဲ့သူ့အတွက် ဦးကြမ်းပုဆိုးထဲကရောယွန်းရွှေရည်ပုဆိုးထဲကပါသုံးကွင်းစီအကွက်လေးတွေရွေးယူလိုက်ပြီး အင်္ကျီချည်သားလေးတွေပါအရောင်ကွဲဆင်တူလေးတွေဝယ်လိုက်သည်။ ရိုးအတွက်တော့ သူ့ထပ်ဆိုဒ်ကြီးကိုသေချာရွေးယူရသည်။

" ဘာလိုသေးလဲ "

အရီးအမေးကြောင့်။

" သွားတိုက်တံ ဆပ်ပြာ "

အရိပ်လိုအပ်သာတွေအကုန်ဝယ်ပြီး အိမ်ပြန်လာခဲ့ချိန် ရိုးကအိမ်ရှေ့မှာထိုင်နေကာအရိပ်အထုပ်တွေအပြည့်ဆွဲလာတာမြင်တော့ ထိုင်နေရာကထပြီးလာကြိုသည်။

" ဘာတွေဝယ်လာတာလဲ အများကြီးပဲ "

ရိုးအမေးကြောင့် အရိပ်ပြုံးလိုက်၍။

( သူကြီးသမက် )  CompletedWhere stories live. Discover now