"နောင်တော့်အိမ်မှာ လာအိပ်ရင် နောင်တော်နဲ့မရီးတော်တို့လွတ်လွတ်လပ်လပ်မနေရမှာ စိုးရော့လို့ပါ"

"အံမယ် ညီထွေးလေးကသိတတ်လိုက်တာ"

"မဟုတ်ပေဘူး နောင်တော် ညီထွေးကဝဋ်လည်မှာ စိုးရွံ့လို့ပါ"

နန်းစောရှင် နောင်တော်ဝဏ္ဏကို ခပ်စူးစူးကြည့်ပြီးတည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။

ညီထွေးငယ်ရဲ့အမူအယာလေး၊စကားသံ‌
လေးကြောင့် နောင်တော်တွေရယ်မောမိကြသည်။

"ဟား ဟား ဟား"

"တယ် ညီထွေးငယ်ကသဘောကျတဲ့နန်းတွင်းသူလေးတွေ့ထားပြီထင်ပါ့"

မင်းရဲဝဏ္ဏမှာမူးမူးနှင့် နန်းစောရှင်ပါးလေးကိုနောက်တစ်ခါဖဲ့ရန် လက်ရွယ်လိုက်သည်။မင်းရဲဝဏ္ဏလက်လေးကနန်းစောရှင်ပါးကို မထိခင်မှာပင် မင်းရဲနန္ဒက မင်းရဲဝဏ္ဏလက်ကောက်ဝတ်ကိုကိုင်လိုက်သည်။

"ဝဏ္ဏ ညီထွေးလေးကိုသေရည်နံ့တွေစွဲကုန်မယ်"

"ညီထွေးလေးက ချစ်စရာတယ်ကောင်းသကိုး
နန္ဒရ"

မင်းရဲဝဏ္ဏ ပြုံးကာနန်းစောရှင်ရဲ့စုလည်းဆံပင်လေးကို ခပ်ဖွဖွပွတ်သည်။နန်း‌စောရှင်မင်းသားငယ်က တကယ့်ကိုကုသိုလ်ထူးသည်။နောင်တော်တွေ အားလုံးကချစ်ခင်ကြသည်။

အင်းဝမင်းသားများရဲ့စည်းလုံးညီညွတ်မှုဟာလည်း သတင်းမွှေးပျံ့လှသည်။

"နောင်တော် သေရည်ယစ်ရင်အိမ်တော်ပြန်အိပ်လေရော့ မရီးတော်မျက်နှာညိုးရော့မယ်"

"မလိုပေဘူးညီထွေးငယ် ညီထွေးရဲ့မရီးကသိတတ်ပေတယ်"

"တယ် အိမ်သူသက်ထားကြင်ယာကို အေးစက်တဲ့စက်တော်ခေါ်စေမလို့လား ဝဏ္ဏ ပြန်အိပ်ပေရော့"

မင်းရဲကျော်ဇော ခပ်တင်းတင်းပြောတော့မင်းရဲဝဏ္ဏက ဇက်ကလေးပုဝင်သွားသည်။

"နောင်တော်ကျော်ဇောကလည်း သည်ညညီတော်တို့က နောင်တော်ဗလအိမ်တော်မှာ အိပ်မလို့ကို ဝဏ္ဏကိုပြန်မလွှတ်ပါနဲ့"

မင်းရဲစက္ကက ခပ်တိုးတိုးလေးပြောသည်။ 

"နောင်တော်ကျော်ဇောကိုသာ မရီးတော်မျှော်ရော့မယ် ပြန်လေရော့"

ချစ်သောပြည့်ရှင်မင်း(Completed)Where stories live. Discover now