One side 💕 4

1.2K 128 5
                                    

"ဒီနှစ်ပြီးရင် နောက်နှစ်ဆို မင်းတို့ universityတက်ရတော့မှာ ဒီနှစ်အမှတ်ကမင်းတို့ငယ်ငယ်ကကြိုးစားလာသမျှဒီအမှတ်ကဆုံးဖြတ်ပေးမှာ ဒါကြောင့် စာသေချာကြိုးစားကြပါ။"

ဒီစကားကတော့ကျုရှင်မှာနေ့တိုင်းပြောနေကျမို့ လီဆာအတွက်တော့ရိုးနေပြီ။ကျောင်းပိတ်ပြီး၁၀ရက်လောက်သာနားပြီးဆရာကကျုရှင်စခေါ်တော့တာပဲ။အခုထိလဲjennie နဲ့မဆက်သွယ်ဖြစ်ခဲ့ပါ။သူမမလျှော့ရင်ပြတ်တောက်သွားမဲ့ သံယောဇဉ်ပါဆိုတာကိုသိနေပေမဲ့ သူမနဲ့jennie ပြသာနာဖြစ်ထားတယ်ဆိုတာမျိုးသူမတစ်ကယ်မလိုလားပါ

"လီဆာ ဒီနှစ်တော့ကျောင်းမတက်ဘဲအပြင်ဖြေလိုက်တော့နော် "

"ဟာ ဆရာ မဖြစ်ဘူး သမီး အပြင်ဖြေမဖြေချင်ဘူး ကျောင်းတက်ပြီးပဲဖြေချင်တယ်"

"မရဘူး လီဆာ သမီးတို့စာတော်တဲ့သူတွေကို တစ်ဖွဲ့ထားပေးပြီး သီးသန့်သင်မှာ ကျောင်းတက်တာအချိန်ကုန်ပါတယ်ကွာ"

"ဆရာ မရပါဘူးဆို "

ဘယ်လိုပဲပြောပြောလီဆာမအောင်မြင်ခဲ့ပါ။ SeSu တို့ Chaeyoungတို့ကလဲအပြင်ဖြေပဲဖြေကြမယ်တဲ့။

ဒီတစ်နှစ်တော့ဝေးရပြီထင်တယ်jen
တစ်နှစ်ပဲငါသည်းခံလိုက်မယ်jen
နောက်နှစ်နင့်နားကိုပြန်လာခဲ့မယ်
ငါ့ကိုစောင့်နေဘယ်လိုပဲဖြစ်ဖြစ်ပေါ့

တစ်လပြီးတစ်လစာတွေမတအားကြိုးစားပြီးလုပ်ရတယ်။နင်ရောအဆင်ပြေတယ်မလားjen။ငါကတော့မပြေဘူး နင့်ကိုလွမ်းလို့ရူးတော့မယ်

စီနီယာဖန်ယွိကကျုရှင်မှာပြန်ပြီးGuide လာလုပ်ပေးတယ်။သူလဲ သုံးဘာသာဂုဏ်ထူးပါတယ်။သူကတော်တယ်jen
ဒါပေမဲ့jenကသူ့ထက်ပိုတော်တယ်ဆိုတာငါအသိဆုံး😊

ဘယ်အရာပဲလာလာငါချစ်တဲ့နင်နဲ့အားလုံးကိုယှဉ်လိုက်ရမှ
ဒါတောင်ငါ့မျက်လုံးထဲမှာ
နင်သာအလှဆုံး
နင်သာအချောဆုံး
နင်သာချစ်ဖို့အကောင်းဆုံး
နင်သာperfectအဖြစ်ဆုံးပါjen

စာသင်တာနှစ်အလယ်လောက်ရောက်လာတော့နင့်အကြောင်းငါတစ်စွန်းတစ်စကြားရပြန်ပြီ။
ဒါလဲနင်ရည်းစားရနေပြန်ပြီတဲ့လားjenရယ်။ ကြားပြီးပြီးချင်းငါ့မှာကျူရှင်မှာလူအများကြီးကြားထဲမှာတောင်ဟန်မဆောင်နိင်ဘဲငါဟာငိုနေခဲ့မိသည်အထိ။

Friend Zone ❣️{Completed}Where stories live. Discover now