Arc 10.39 to extra

Start from the beginning
                                    

အခြားလူတွေရဲ့မျက်နှာကလည်းမဲမှောင်သွားတယ်
'ငါတို့ကဒီကိုဆွေးနွေးဖို့လာတာလား, brain wash ခံဖို့လာတာလားပဲ'

အထူးအဖွဲ့ကအစည်းအဝေးအခန်းထဲကထွက်လာတဲ့အခါသူတို့ဘာတွေဆွေးနွေးခဲ့ကြမှန်းတောင်မသိဘူး

"အကြီးအကဲ"
အထူးအဖွဲ့သားတွေကကျောက်ဖေးကိုမျှော်လင့်တကြီးကြည့်နေတယ်
"ကျွန်တော်တို့ပြန်ရောက်ရင်ဘယ်လိုအစီရင်ခံကြမလဲ"တစ်ချိန်လုံးသူတို့ကဗန်ပိုင်းယားဘုရင်မပြောတာပဲနားထောင်နေရတာ

ကျောက်ဖေးကသက်ပြင်းချလိုက်တယ်
"ဒီကိစ္စကိုငါတို့ပြန်ရောက်မှဆွေးနွေးကြတာပေါ့"

ပြီးတော့သူမကလည်းဒီနယ်မြေရဲ့ဗန်ပိုင်းယားဘုရင်မဖြစ်နေတာကိုး

မြောက်များစွာသောကျောင်းသားတွေက စကားပြောရင်းလမ်းလျှောက်နေကြတယ်
ရှီရှန်းအခန်းထဲကထွက်လာတာကိုမြင်တဲ့အခါမှာကျောင်းသားတိုင်းကဦးညွတ်ကြတယ်
" မစ္စမီနိုင်း"

အထူးအဖွဲ့"...."
'တစ်ခုခုတော့မှားနေပြီမလား'

သူတို့တွေလမ်းဆက်လျှောက်လာတဲ့အခါမှာသားသားနားနားဝတ်ဆင်ထားတဲ့ကျောင်းသားတစ်သိုက်ကိုတွေ့တော့ထူးထူးဆန်းဆန်းခံစားလိုက်ရကြတယ်

အပြင်မှာ ရှိတဲ့သူတွေကတော့ကောင်စုတ်လေးတစ်သိုက်သာဖြစ်ပြီးတော့သူတို့ကတော့အခြားသူတွေနဲ့မတူဘူးသပ်သပ်ရပ်ရပ်ဝတ်ဆင်ထားပြီးတော့မျက်နှာမှာစိုးရိမ်မှုကင်းနေတယ်

ဘာကြောင့်လဲဆိုတော့သူတို့မှာကာကွယ်ပေးတဲ့သူရှိနေတာကိုး

ပြီးတော့သူတို့ကိုကာကွယ်ပေးနေတဲ့သူကလည်း, သူတို့နိုင်ငံသားမဟုတ်ဘဲနဲ့,ဒီစစ်ပွဲကိုစခဲ့တဲ့ ဗန်ပိုင်းယားဘုရင်မဖြစ်နေတယ်

ကျောက်ဖေးကသူ့လူတွေကိုပြန်ခေါ်လာပြီးတော့လူတွေကိုနားလည်မှုရှိအောင်သင့်လျော်တဲ့ဖြေရှင်းချက်ပေးလိုက်တယ်

ဗန်ပိုင်းယားဘုရင်မ ကသူတို့နဲ့ဆွေးနွေးမှုကိုမလုပ်ချင်တာ
ပြီးတော့သူတို့အနေနဲ့လည်းသူမကိုအပြစ်ရှာလို့မရဘူးသူမကိုယ်ကျင့်တရားကအရမ်းကိုကောင်းလွန်းနေတာကိုး

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now