Arc 10.32

2.7K 437 4
                                    

Unicode

ရှီရှန်းက ဖေးချီတို့ သူမကို ဒီလောက်မြန်မြန်ကြီး လာရှာမယ်လို့ ထင်မထားဘူး

ဖေးချီက အိုက်ဝေနဲ့ သူ့ရဲ့ နောက်လိုက် မင်းသားအများအပြားကို ခေါ်ပြီး ရောက်ချလာတယ် သူတို့ကိုကြည့်ရတာ ဖော်ဖော်ရွေရွေပုံစံတွေတော့ မဟုတ်ဘူး...

ရှီရှန်းက အိုက်ဝေ သူမကိုကြည့်တဲ့အကြည့်ထဲမှာ နာကြည်းမှုတွေ မခံချင်မှုတွေပါနေမှန်းသတိထားမိတယ် ဒါပေမယ့် မိထွေးလို စာရေးဆရာမ တစ်ယောက်အနေနဲ့ ဇာတ်လိုက်မ သူမအ‌ပေါ်ဘယ်လိုစိတ်ထားတယ် ဆိုတာကို စိတ်ဝင်စားမနေဘူး...

ရှီရှန်းက သူတို့ကို အထဲဝင်ခွင့် မပေးနေနိုင်ဘူးဆိုတဲ့ ပုံစံနဲ့ အပေါက်ဝမှာ ပိတ်ရပ်နေတယ်

"အရှင်မ...အခြေခံယဉ်ကျေးမှုကိုတောင် ဂရုမစိုက်ဘဲ နေတော့မလို့ပါလား.." ခဲ့အာက သူမကို ဖြောင်းဖြဖို့ ကြိုးစားပေမယ့် ရှီရှန်းက လှုပ်တောင်မလှုပ်ဘူး...

"မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ ဧည့်သည်တွေကို ဧည့်ခံနေစရာမလိုဘူး..."

'ငါသူတို့ကို မကြိုဆိုဘူးဆိုတာ သိရက်နဲ့ ဘာကိစ္စတံခါးလာခေါက်နေကြသေးတာလဲ...သေချင်နေကြတာလား..'

ခဲ့အာ ဘာမှထပ်မပြောတော့ဘဲ သူမနောက်မှပဲ တိတိတ်ဆိတ်ဆိတ်ရပ်နေတယ်  မီနိုင်းက သူ့သမီးဆိုပေမယ့်လည်း   ဗန်ပိုင်းယားတွေ အားလုံးရဲ့ ဧကရီဖြစ်လည်း ဖြစ်တယ်လေ...

ဖေးချီရဲ့ မျက်နှာက မဲမှောင်နေပေမယ့်လည်း အခြေအနေကို ဆိုးရွားအောင် လုပ်မနေတော့ဘဲ  ရှီရှန်းကို ဦးညွတ်ပြီး အရိုအသေပေးလိုက်တယ်.."အရှင်မ..ကျွန်တော်တို့ အရှင်မနဲ့ ဆွေးနွေးချင်တာလေးတွေ ရှိပါတယ်.."

"ပြောမှာဖြင့် မြန်မြန်ပြော.."

ဖေးချီ"......"  'ရှီရင်းက ဒီမိန်းမကို တကယ်ပဲ..ဘာများကြည့်ကြိုက်ပါလိမ့်..အပေါက်ကလည်းဆိုးလိုက်တာ...'

ဖေးချီက အသက်ပြင်းပြင်းရှူကာ သူ့ဒေါသကို ဖိနှိပ်ထားလိုက်တယ် "အခြေနေအရ အရှင်မ မီနိုင်းက ဧကရီဖြစ်သွားပေမယ့် အိုက်ဝေကလည်း နိမိတ်ကျမ်းအရ ပေါ်ထွက်လာတဲ့သူပဲ...ကိစ္စကို ဒီတိုင်းထားလိုက်မယ်ဆိုရင် ဘိုးဘွားတွေ ထားခဲ့တဲ့ ဟောစာတမ်းကို လျစ်လျှူရှုသလို ဖြစ်သွားမှာစိုးတယ်..ကျွန်တော်တို့ အကြီးအကဲတွေချင်း တိုင်ပင်ဆွေးနွေးပြီးတဲ့ နောက်မှာ အိုက်ဝေကို သူတော်စင် အမျိုးသမီးအဖြစ် ခန့်အပ်လိုက်တာ အကောင်းဆုံးဖြစ်မယ်လို့ ထင်ပါတယ်..အဲ့လိုသာ ဆိုရင် နိမိတ်ကျမ်းကိုလည်း ဆန့်ကျင်ရာမကျတော့ အငြင်းပွားစရာတွေလည်း ရှိမှာ မဟုတ်တော့ဘူး..အရှင်မရော ဘယ်လို ထင်ပါသလဲ..."

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now