Arc 8.22

3.5K 659 17
                                    

Unicode

"​ရှောင်ပိုင်..."
သင်္ကန်း၀တ်ထားတဲ့သက်လတ်ပိုင်းအရွယ်ဘုန်း​တော်ကြီးတစ်ပါးက လူအုပ်ထဲက​နေထွက်လာပြီး​ဒေါသတကြီးလှမ်း​အော်လိုက်တယ် "မင်းက ဒီကိုဘာလို့​ရောက်​နေတာလဲ..မင်းကိုဘယ်သူ​ခေါ်ခဲ့တာလဲ.."

​ရှောင်ပိုင်က အပြစ်ကင်းစုမျက်​တောင်ခတ်လိုက်ပြီး ရှီရှန်းကိုလှည့်ကြည့်လိုက်တယ်
'ကျွတ်​တော်ပြန်​ပေးဆွဲခံလိုက်ရတာ..'

ရှီရှန်းကသူ့ကို​​အေးစက်စွာစိုက်ကြည့်​နေတာ​ကြောင့် ​ရှောင်ပိုင်ကသူ့​ခေါင်းကိုငုံ့ကာ ခပ်တိုးတိုး​ရေရွတ်လိုက်တယ်
"ဆရာ..."

​ရှောင်ပိုင် သူမကို လှမ်းကြည့်တဲ့အချိန်မှာ သတ်လတ်ပိုင်းလူကြီးက တစ်ခုခုခံစားမိပုံ​ပေါ်ပြီး လိုက်ကြည့်လိုက်တယ် ဖုန်းကျင်းကိုမြင်​တော့ မျက်လုံး​တွေကျဥ်း​မြောင်းသွားတယ်
'ဒီလူ.....သူက ဖုန်းမိသားစုကတစ်​ယောက်မလား..'

သူကဖုန်းကျင်းကို ယဥ်​ကျေးမှုအရ​ခေါင်းတစ်ချက်ငြိမ့်ပြီးနှုတ်ဆက်လိုက်တယ်  သူက ဖုန်းကျင်းရဲ့ပတ်ပတ်လည်ကိုသေချာသတိထားပြီးစစ်​ဆေးကြည့်​ပေမယ့် ဘာထူးခြားတာကိုမှမ​တွေ့ရဘူး 'ငါစိတ်ထင်​နေတာပဲဖြစ်မှာပါ.. ဖုန်းမိသားစုကဒီ​ကောင်​လေးရဲ့အရှန်အ၀ါက​တော်​တော်​လေးသန်မာတာပဲ...'

သတ်လတ်ပိုင်းလူကြီးက အကြည့်ကိုလွှဲလိုက်တယ် သူက​ရှောင်ပိုင်ကို နားရင်းအုပ်ကာ ​ဒေါသတကြီး​ပြောတယ် "မင်းကို ဘယ်သူ ဒီ​ခေါ်ခဲ့တာလဲ..."

သူ့ရဲ့ဒီငတုံးတပည့်က ဒီကို သူ့ဘာသာလာနိုင်ခဲ့တယ်ဆိုတာ သူလုံး၀မယုံဘူး..

​ရှောင်ပိုင်းကခါးခါးသီးသီးခံစားလိုက်ရတယ်  'ကျွန်​တော်လည်းဒီကိုလာချင်လို့လာတာမဟုတ်ပါဘူး.. ဆရာ​ပြော​တော့ ဆရာက ဒီ​လောကရဲ့ပြိုက်ဘက်ကင်းပ​ယောဂဆရာဆို..ဟိုနားမှာရပ်​နေတဲ့​ဆောင့်ကြွားကြွားသရဲမကိုဘာဖြစ်လို့မ​တွေ့ရတာလဲ...'

​ရှောင်ပိုင်က အဲ့ဒီစကား​တွေကို​တော့ ထုတ်မ​ပြောရဲပါဘူး..သူက ​ဘေးနားမှာရပ်​နေတဲ့အန်းစုကိုပဲ လက်ညှိုးထိုးလိုက်တယ်
"အဲ့ဒါ သူမ."

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now