Arc 9.18

3K 495 1
                                    

Unicode

လူသတ်နတ်ဘုရားသုန်းကျင်းကတော့သူ့ဘေးအလယ်ဘယ်ညာ, ပတ်ပတ်လည်မှာရှိနေတဲ့မကောင်းဆိုးဝါးတွေကိုအကုန်လိုက်သတ်နေတယ်
သူတို့ရဲ့အဖိုးတန်ရှေးဟောင်းနတ်ဘုရားဇီဟွမ်ကလည်းသူ့ရဲ့ကောင်းကင်ဘုံလက်နက်ကိုသုံးလို့မရတာကြောင့်ဘေးနားကိုရောက်လာတဲ့အကောင်တွေလောက်ပဲခုခံနိုင်တယ်

အဆင့်မြင့်နတ်ဘုရား ချန်းလန် ကလည်းသူကိုယ်တိုင်စွမ်းအင်အရမ်းကြီးမားတယ်ဆိုပေမယ့်သူ့မှာလည်းသူကယ်တင်ရမယ့်သူတွေအမျာ့းကီးရှိနေတာကြောင့်သူ့စွမ်းအင်ကိုအပြည့်အဝမထုတ်သုံးနိုင်ဘူး

ဒါကြောင့်သူတို့ဒီပွဲမှာနိုင်ဖို့ဆိုတာလုံးဝကိုမဖြစ်နိုင်ဘူး

အဆုံးမှာတော့ကောင်းကင်ဘုံသားတွေက ခန်းဝူတောင်ကိုဆုတ်ခွာသွားကြရတယ်

ကောင်းကင်ဘုံမှာက ကပ်ဘေးတစ်ခုပြီးတစ်ခုဖြစ်လာသလိုမျိုးလူ့ပြည်မှာလည်းကပ်ဘေးတွေကျလာတယ် ရှီရှန်းက တော့ဒီကိစ္စတွေနဲ့မကင်းတဲ့တစ်ဦးတည်းသောသူပေါ့
.....
ခန်းဝူတောင်တွင်

ယွဲ့ယောင်ကဆေးလုံးတွေသောက်ပြီးတော့ကုသမှုပြန်ခံယူနေတယ် သူမကမကောင်းဆိုးဝါးတွေနဲ့ဆော့ကစားတာပါခံထားရတော့သူမမျက်နှာကပိုပိုပြီးတော့ဖျော့တော့နေတယ်

''ဆရာ''...ယွဲ့ယောင်ကဇီဟွမ်ကိုသနားစဖွယ်ကောင်းစွာကြည့်လိုက်တယ်''ကျွန်မခန္ဓာကိုယ်ထဲမှာတစ်ခုခုလျှောက်သွားသလိုခံစားနေပြီးတော့နေလို့ထိုင်လို့မကောင်းဘူး''

ဇီဟွမ်က သူမဘာပြောနေတာလဲဆိုတာသူကိုယ်တိုင်ခံစားနေရတာကြောင့်အတိအကျနားလည်တယ်

''စိတ်မပူပါနဲ့, ဆရာနည်းလမ်းရှာပါ့မယ်'' ဇီဟွမ်က ယွဲ့ယောင်ရဲ့ခေါင်းကိုပွတ်ပေးလိုက်တယ်

''ဆရာ'' ယွဲ့ယောင်ကမျက်တောင်ခတ်ပြတယ်သူမပုံစံကစောစောကထက်တောင်သနားစရာကောင်းနေပြီးတော့ပျော့ပျောင်းနေတယ်

ဇီဟွမ်က သူမခေါင်းကိုပုတ်ပေးပြီးတော့ပါးကိုပွတ်ဆွဲလိုက်တယ်ယွဲ့ယောင်ရဲ့ခေါင်းထဲမှာအတွေးတစ်ခုဝင်လာပြီးတော့ရင်ခုန်သွားသလိုခံစားရတယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now