Arc 10.39 to extra

Start from the beginning
                                    

"ဒါပေမဲ့..... "
ရှီရှန်း ကစကားကိုဆက်ပြောနေတာကြောင့်အဖွဲ့သားတွေကသက်ပြင်းမချနိုင်ဘဲနဲ့သူမပြောတာကိုဆက်နားထောင်နေရတယ်

"ရှင်တို့တွေက ကမ္ဘာကြီးကိုအုပ်စိုးနေရတာအတော်ကိုကြာနေပြီမလား,အဲ့တော့အပြောင်းအလဲလေးများမလုပ်ချင်ဘူးလား"ရှီရှန်းကမျက်ခုံးပင့်ပြတယ်
"ရှင်တို့တွေ, 'Jurassic World 'ဆိုတဲ့ဇာတ်ကားကိုကြည့်ဖူးလား

[T/N,jurassic word ကအတော်ကိုrating မြင့်တဲ့movieပါနော်😍 သာသာ တို့နှစ်ယောက်ရဲ့အသဲစွဲဇာတ်ကားလေးပါ
ကြည့်ဖူးကြမှာတော့ သေချာပါတယ် XD]

အထူးအဖွဲ့"...."
'ဘယ်လိုဖြစ်ပြီး ခေါင်းစဉ်က 'jurassic world ' ကိုရောက်သွားတာလဲ'

"ဒိုင်နိုဆောတွေကလောကကြီးကိုအကြာကြီးအုပ်စိုးနေခဲ့တာလေ,နောက်ဆုံးတော့ဘာဖြစ်သွားလဲ"

အထူးအဖွဲ့"....."
'ဒီဗန်ပိုင်းယားဘုရင်မကဘာဖြဟ်ချင်နေမှန်းကိုမသိတော့ဘူး'

ရှီရှန်း ကသူတို့ကိုအရူးတွေကိုကြည့်လိုက်တယ်
"အဲ့အကောင်တွေအကုန်မျိုးတုန်းသွားတယ်,နားလည်လား,အဲ့တော့လူသားတွေမျိုးတုန်းကုန်တာကိုကာကွယ်ဖို့အနေနဲ့ကျွန်မကအပြောင်းအလဲလုပ်ပြီးအုပ်စိုးပေးမယ်,ပြီးတော့ဗန်ပိုင်းယားတွေကအသက်အကြာကြီးရှင်ကြတာပဲ,ဘာမှားလို့လဲဟုတ်တယ်မလား"

"ပြီးတော့လူ့ဘဝသက်တမ်းကတိုလွန်းတယ်လေအချို့ဆိုမသေမျိုးဖြစ်ဖို့တောင်အိပ်မက်တွေမက်နေကြတာဒီလောက်ကောင်းတဲ့အခွင့်အရေးပေးနေတာကိုဘာလို့များငြင်းပယ်နေကြတာလဲ"

'အရမ်းတွေတတ်နေတယ်ဟလား?..ဖီး!. ,ငါတို့ကဒီမှာလာဆွေးနွေးတာ, brain washလာခံတာမဟုတ်ဘူး'

"မစ္စမီနိုင်း "

"ရှင့်အသက်အရွယ်နဲ့ဆိုရင်သိပ်ပြီးကြာကြာနေရတော့မှာမဟုတ်ဘူးမလား, အကယ်၍ရှင်သာဗန်ပိုင်းယားဖြစ်လာမယ်ဆိုရင်အသက်အကြာကြီးနေရပြီးတော့ပိုပြီးတော့ကမ္ဘာကိုအကျိုးပြုနိုင်မယ်လေ,ကျွန်မပြောတာမှန်တယ်မဟုတ်လား,
အကြီးအကဲကျောက်"

ကျောက်ဖေးကဆွံ့အသွားပြီးဘာပြန်ပြောရမှန်းမသိဖြစ်သွားတယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now