ရှီရင်းက ပြုံးလိုက်ပြီး သူ့ရဲ့လက်ချောင်းထိပ်ကို ကိုက်လိုက်တယ် ပြီးတော့ သွေးစက်လေးတစ်စက်ကို သေတ္တာအဖုံးပေါ်ကျသွားစေပြီး သေတ္တာကို အလွယ်လေးဖွင့်လိုက်နိုင်တယ်

'လုံခြုံရေးနည်းပညာက အတော်လေးရိုးရှင်းတာပဲ..' ရှီရှန်းက သေတ္တာထဲက စက္ကူလိပ် ကို ထုတ်ယူပြီး ဖွင့်ကြည့်လိုက်တယ်

အဲ့ဒါက သူမဆီမှာရှိတဲ့ ပန်းချီကားနဲ့ နည်းတူစွာပဲ သွေးရောင်ရဲနေတဲ့ နှင်းဆီနီတွေကို အဓိကထားထားတာ ဖြစ်ပြီး မတူညီတာကတော့ ကလေးငယ်လေး မပါတာပဲ အဲ့ဒီအစား နှင်းဆီဆူးနွယ်တွေကြားမှာ ရှိနေတဲ့ ဖန်အခေါင်းတလား တစ်ခုပါရှိတယ်

သူမက ရှီရင်းအနောက်က ဖန်အခေါင်းနဲ့ ယှဉ်ကြည့်လိုက်တယ်

"အဲ့ဒါပဲ..." ရှီရင်းက သူမရဲ့လက်ကို ဖန်အခေါင်းတလားရဲ့မျက်နှာပြင်ပေါ်တင်ပေးလိုက်ပြီး အဆက်မပြတ်စီးဆင်းနေတဲ့ ချီစွမ်းအင်တွေိကို ခံစားစေလိုက်တယ်

ရှီရှန်းက အံ့ဩသွားတယ် ကျင့်ကြံခြင်းလောကတွေမှာတောင်မှ မြင့်မြတ်တဲ့ အထွဋ်အမြတ်နေရာတွေကလွဲရင် ဒီလောက်ချီစွမ်းအင်တွေအများကြီးကို တစ်စုတစည်းထဲ မတွေ့ရနိုင်ဘူး..ဒါပေမယ့် ဒီဖန်အခေါင်းကတော့..

ရှီရှန်းရဲ့မျက်နှာအမူအရာပြောင်းသွားပြီး ဖန်အခေါင်းကို သူမရဲ့ ပစ္စည်းသိုလှောင်နယ်မြေထဲကို တစ်ခါတည်းထည့်လိုက်တယ်

ရှီရင်းက ကြီးမားတဲ့ ဖန်အခေါင်းကြီးက သူ့ရှေ့မှာတင် ရုတ်တရပ်ပျောက်သွားတာကို အံ့ဩသွားပုံပေါ်ပေမယ့် ဘာမှမမေးဘူး...

ရှီရှန်းက လူ့လောကထဲက ဗီလာမှာ ရှိတဲ့ သူမရဲ့အိပ်ခန်းဆီကို တန်းတန်းမတ်မတ်သွားလိုက်တယ် ပန်းချီကားက သူမရဲ့အခန်းနံရံမှာ ချိတ်ထားတုန်းပဲ..ရှီရှန်းက အဲ့ဒါကို ဖြုတ်ပြီး ရှီရင်းဆီကရတဲ့ တစ်ခြမ်းနဲ့ယှဉ်ချလိုက်တယ်

ပန်းချီကားနှစ်ကို ပူးလိုက်တာနဲ့ အလယ်မှာ အခြားပန်းတွေထပ် ပိုပြီး နီရဲတောက်ပတဲ့ နှင်းဆီပန်းကြီးကို တွေ့လိုက်ရတယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now