"ခဲ့အာ!!"
ဒီလို အငယ်လေးနဲ့အငြင်းပွားရုံနဲ့ အကျိုးရှိမှာမဟုတ်ဘူးဆိုတာသူသိလို့ ခဲ့အာကိုပဲအော်လိုက်တယ်
'သူမက သူ့ရဲ့မွေးစားသမီးပဲ,ငါ့ကိုရှင်းပြချက်တော့ပေးသင့်တယ်'

"ဘာတွေလာအော်နေတာလဲ"
ရှီရှန်း ကသူ့ဓားကို ဖေးချီဆီလွှဲလိုက်တယ် သူမလွှဲလိုက်တာကဖြေးဖြေးလေးပဲ ဒါပေမဲ့ဓားကလာတဲ့ဖိအားကပြင်းလွန်းတယ်ဖေးချီကလျင်မြန်တာကြောင့် ရှောင်လိုက်နိုင်ပေမယ့် သူ့နောက်ကပစ္စည်းတွေကတော့ကံမကောင်းရှာဘူး,

အကုန်လုံးကရှီရှန်းရဲ့ဓားကိုကြောက်လန့်တကြားကြည့်နေကြတယ်

'ဒီဓားကိုကြည့်ရတာသာမန်ပါပဲ,ဘာဖြစ်လို့အဲ့လောက်ထိ စွမ်းနေရတာလဲ'

"ငါ့လိုဟန်ဆောင်ရတာ အရမ်းတွေပျော်နေတာလား" ဖေးချီကိုပါးစပ်ပိတ်အောင်လုပ်ပြီးတာနဲ့ရှီရှန်းကလင်းရှန်းကိုကြည့်လိုက်တယ်
"လာစမ်းပါ,ဘဝအကြောင်းလေးဆွေးနွေးရအောင်လေ"

လင်းရှန်းကကြောက်လန့်နေပြီးတုန်လှုပ်နေတာကြောင့်နောက်ကိုဆုတ်သွားတယ်
'ငါအစကတည်းကသိနေသင့်တာ,ဘာကြောင့်ဒီမိသားစုကငါ့အပေါ်အေးအေးစက်စက်ဆက်ဆံတယ်ဆိုတာ'

" ချစ်ညီမလေးရေ,ဘယ်ကိုပြေးချင်နေတာလဲ" ရွေ့ရီကသူ့လူနှစ်ယောက်ကိုခေါ်ပြီးအနောက်ကနေပိတ်ရပ်လိုက်တော့လင်းရှန်းကြက်သီးထသွားတယ်

ရွေ့ရီကသူ့လက်နဲ့သူမလည်ပင်းညှစ်ကိုင်ထားတယ်
"မင်းကိုဘယ်သူခိုင်းတာလဲ,ဟမ်.,ငါ့ညီမအဖြစ်ဟန်ဆောင်ရဲတယ်ပေါ့လေ"

"အ....အား.."
'သူတို့တွေအကုန်သိနေတာပဲငါ့ကိုအရူးလုပ်နေကြတာ'

"ခဲ့အာ, ဘာတွှဖေစျနတောလဲ"
စိတ်ရှုပ်ထွေးနေတဲ့လူအုပ်ကြီးကလည်းဒါကိုသိချင်နေတယိ

'ငါတို့ကမီနိုင်းစည်းကမ်းဖောက်မဖောက်ဆွေးနွေးနေတာမဟုတ်ဘူးလား ဘယ်လိုဖြစ်ပြီးနောက်ထပ်မီနိုင်းတစ်ယောက်ထပ်ရောက်လာရတာလဲ'

ခဲ့အာကလည်ချောင်းရှင်းလိုက်တယ်
"ဒီမိန်းမက မီနိုင်းအဖြစ်ဟန်ဆောင်နေတယ် သူ့ရည်ရွယ်ချက်ကဘာလဲငါမသိတာကြောင့်သူမကိုငါလွှတ်ထားတာ"

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now