"ကိုယ်သတ်ခဲ့တာ"

ရှီရှန်း ကရုတ်တရပ်စိတ်နည်းနည်းတိုသွားတယ်
'ဒီကောင်ကတော့ငါ့ကို ဖီးလ်ပျက်အောင်လာလုပ်နေတယ်'

သူမဒေါသကိုလျော့ဖို့အသက်ပြင်းပြင်းရှူလိုက်ကာ အားတင်းပြီးပြုံးပြတယ်
"ရှင်ဘာလုပ်ခဲ့တယ်ဘာဖြစ်ချင်တယ်ဆိုတာကိုဂရုမစိုက်ဘူး,ဗန်ပိုင်းယားအားလုံးကိုသတ်ချင်တယ်ဆိုရင်တောင်ကျွန်မကရှင့်ဘက်ကပဲ,ဟုတ်ပြီလား"

ရှီရင်းကြိတ်ခဲထားတာတွေအကုန်ပြေလျော့ကုန်တယ်
စစ်မှန်တဲ့အပြုံးတစ်ခုကသူ့ပုံရိပ်ပေါ်မှာပေါ်လာတယ်

သူ့လက်မှာဝတ်ထားတဲ့ အနီရောင်လက်ပတ်ကိုရှီရှန်းကြည့်နေတာမြင်တော့ ရှီရင်းကသူမလက်ကိုလှမ်းဆွဲပြီးတော့အဲ့တာဝတ်ပေးလိုက်တယ်

"ဒါလေးက..."

မမှားဘူးဆိုရင်ဒီလက်ကောက်ကသူမ မီနိုင်းရဲ့ပန်းချီကားထဲမှာတွေ့တဲဟာလေးပဲ

'သူကအဲ့ဒီပန်းချီကားထဲက ကလေးလား'

'မီနိုင်းကဒါကိုဘယ်ကနေရလာတာလဲ'

"ဒါလေးက သာမန်လက်ကောက်လေးပါ,ဒါကို ကိုယ့်ရဲ့မိသားစုကပေးထားတာ ဒီလက်ကောက်က မင်းရဲ့အဆင့်အတန်းကိုဖော်ပြတယ်," ရှီရင်းကအသံတိုးတိုးလေးနဲ့ရှင်းပြတယ်
"မင်းရဲ့အဆင့်အတန်းက ကိုယ့်ဇနီးပဲ"

သူခေါင်းကိုငုံ့ပြီးရှီရှန်းရဲ့နှုတ်ခမ်းတွေကိုခပ်ဖျော့ဖျော့နမ်းလိုက်တယ်
"မီနိုင်း, အခုချိန်မှာနောက်ပြန်လှည့်ခွင့်ဆိုတာမရှိတော့ဘူး"

ရှီရှန်း ကချောင်းဟန့်လိုက်တယ်
"ကျေးဇူးပြုပြီး!, ကျွန်မအလိုချင်ဆုံးကဘာလဲဆိုရင်,ရှင်နဲ့အတူတူ အသက်ကြီးပြီးအတူတူသေဆုံးဖို့ပါပဲ"

ရှီရင်းတစ်ယောက် ကျေနပ်နေတယ်
"ကိုယ့်ဇနီးဆိုတာဒါမျိုးပဲဖြစ်နေရမယ်, ကိုယ်အသက်ရှင်နေတုန်းမင်းကိုသေခွင့်မပြုသလို, ကိုယ်သေ သွားရင်ရောမင်းအသက်ဆက်ရှင်နေလို့မရဘူး "

ရှီရှန်း ကမျက်ခုံပင့်လိုက်တယ် သူမကသူ့ထက်တောင်တစ်ကိုယ်ကောင်းဆန်သေးတယ်

'ဒီကောင်ကတော့ငါ့ကိုလက်ထပ်ခွင့်မတောင်းဘဲလက်ထပ်ချင်နေသေးတယ်,အိပ်မက်ထဲမှာပဲရမယ်'

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now