ရှီရင်းက မျက်နှာအမူအရာမပြောင်းသွားပေမယ့် သူ့ရဲ့နားရွက်လေးတွေနီသွားတာကို မြင်နေရတယ် "အင်း.."

"ကျွန်မရှင့်ကို တစ်ခုခုလုပ်မှာ မစိုးရိမ်ဘူးလား.." ရှီရှန်းက သူ့အနားကိုတိုးသွားပြီး ပြီတီတီလေသံနဲ့ ပြောလိုက်တယ်

ရှီရင်းက ခနတော့တွန့်သွားပေမယ့် သူမကိုပြန်ကြည့်ပြီး လေးလေးနက်နက်ပြောလိုက်တယ် "မင်းပျော်ရင် ကိုယ်လည်းပျော်တယ်.."

သူမသာအဲ့ဒါကိုလုပ်လို့ ပျော်မယ်ဆိုရင်သူလည်း ဆန္ဒရှိတယ်..

ရှီရှန်းက သူ့မျက်နှာလေးကို လက်နဲ့ အသာအယာဆိတ်ဆွဲလိုက်တယ် "ကြည့်ပါအုံး..စကားချိုချိုတွေပြောတတ်နေလိုက်တာ.."

ရှီရင်းကပြုံးနေပြီး သူ့မျက်နှာကို သူမကြိုက်သလို ဆိတ်ဆွဲခွင့်ပြုထားလိုက်တယ် သူ့မျက်ဝန်းထဲမှာလည်း နူးညံ့ငြင်သာမှုတွေ အပြည့်ဖြစ်နေတယ်

"ကျွန်မ အဖေ့ဆီဖုန်းဆက်လိုက်အုံးမယ် ရှင်အပေါ်ထပ်ကိုသွားပြီး ကြိုက်တဲ့ အခန်းရွေးထားနှင့်..အနီရောင်တံခါးနဲ့အခန်းကတော့ ရွေ့ရီရဲ့ အခန်းပဲ.." ရှီရှန်းက သူ့ကို လွှတ်ပေးလိုက်တယ်

ရှီရင်းက အပေါ်ထပ်ကို လိမ်လိမ်မာမာလေး တက်သွားတယ်

ရှီရှန်းက ဧည့်ခန်းမှာတွေ့တဲ့ ကြိုးဖုန်းနဲ့ ခဲ့အာရဲ့ စာကြည့်ခန်းဆီ ဖုန်းခေါ်လိုက်တယ်  ကြည့်ရတာ ခဲ့အာကလည်း သူမရဲ့ဖုန်းကို မျှော်နေပုံပေါ်ပြီး ချက်ချင်းကိုင်လိုက်တယ်

ရှီရှန်း ခဲ့အာရဲ့ ပေါက်ကွဲနေတဲ့ အသံနဲ့ မိတ်ဆက်လိုက်ရတယ် "ကောင်မစုတ်လေး.. မင်းက အရှင်ရှီရင်းနဲ့ ဘယ်လိုသိနေတာလဲ.."

ရှီရှန်းက ဖုန်းခွက်ကို  သူမနားနဲ့ ခပ်ဝေးဝေးကို အမြန်ရွှေ့လိုက်ရတယ်'အကျယ်ကြီးပဲ..'

"မွေးစားအဖေ..စိတ်လျှော့ပါအုံး.."

ရှီရှန်းက သူမအသေးစိတ်ပြင်ဆင်ထားတဲ့ ဇာတ်ကြောင်းအတုနဲ့ ခဲ့အာကို အရူးလုပ်လိုက်တယ် တစ်ဖက်လူက တကယ် ယုံသွားတာလား ဟန်ဆောင်ပေးနေတာလား ဆိုတာကိုတော့ ဘုရားပဲ သိမှာပဲ..

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now